ဝတ်ပြု 22:3 - Myanmar Common Language Zawgyi Version3 သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 သင့်သားစဉ်မြေးဆက်၏မျိုးဆက်တစ်လျှောက်တွင် မစင်ကြယ်သောသူ မည်သူမဆို ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ဆက်ကပ်သည့် သန့်ရှင်းသောပူဇော်သက္ကာအနီးသို့ ချဉ်းကပ်လျှင် ထိုသူသည် ငါ့ရှေ့မှောက်မှ ပယ်ရှင်းခြင်းခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ထာဝရဘုရားအဖို့ ဣသရေလအမျိုးသားသန့်ရှင်းစေသဖြင့်၊ သန့်ရှင်းခြင်းရှိသောအရာတို့ကို၊ ကိုယ်မစင်ကြယ်လျက်နှင့် ချဉ်းကပ်သော ယဇ်ပုရောဟိတ်အမျိုးသားမည်သည်ကား၊ ငါ့ထံမှ ပယ်ရှင်းခြင်းကိုခံရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်မိမိလူစုတော်အားဖြင့် ဘုန်းအသရေကိုလည်းကောင်း၊ ယုံကြည်သူ အပေါင်းတို့၏ကြည်ညိုလေးစားခြင်းကို လည်းကောင်းခံယူရန်တရားစီရင်တော်မူ ရာနေ့၌ကြွလာတော်မူသောအခါ ထိုသူ တို့ခံရမည့်အပြစ်ဒဏ်မှာထာဝရဆုံးရှုံး ပျက်စီးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် သခင်ဘုရားရှေ့တော်မှလည်းကောင်း၊ ကိုယ် တော်၏ကြီးမြတ်သည့်ဘုန်းအသရေတော် မှလည်းကောင်းပယ်ခြင်းပင်ဖြစ်သည်။ သင် တို့သည်ငါတို့ဟောပြောသက်သေခံသည် ကိုယုံကြည်သည်ဖြစ်၍ကိုယ်တော်ကိုဂုဏ် ပြုချီးကူးသည့်လူစုတွင်ပါဝင်ကြလိမ့် မည်။-