ဝတ်ပြု 22:22 - Myanmar Common Language Zawgyi Version22 မျက်စိကန်းသောတိရစ္ဆာန်၊ ခြေလက်ပြတ် သောတိရစ္ဆာန်၊ ပြည်ထွက်သောအနာရှိသည့် တိရစ္ဆာန်၊ အရေပြားတွင်ယားနာ၊ ဝဲနာစွဲ သောတိရစ္ဆာန်တို့ကိုပလ္လင်ပေါ်တွင်မီးရှို့ မပူဇော်ရ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်22 မျက်စိကန်းသောအကောင်၊ ဒဏ်ရာရသောအကောင်၊ အင်္ဂါချို့ယွင်းသောအကောင်၊ ပြည်တည်နာစွဲသောအကောင်၊ နှင်းခူစွဲသောအကောင်၊ ယားနာစွဲသောအကောင် တို့ကို ထာဝရဘုရားအား မပူဇော်ရ။ ထိုသို့သောအကောင်တို့ကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ယဇ်ပလ္လင်ပေါ် မတင်ရ။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version22 မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ် တစ်စုံတစ်ခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာထာဝရဘုရားအား မီးဖြင့်ပူဇော်သကာမပြုရ။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်မျက်စိကန်းဖျားနာသို့မဟုတ် ခြေကျိုးသည့်ယဇ်ကောင်တို့အားတင်လှူပူ ဇော်ရန် ယူဆောင်လာကြသောအခါသင် တို့တွင်အပြစ်မရှိဟုထင်မှတ်ကြပါ သလော။ ဤကဲ့သို့သောသိုးနွားမျိုးကို ဘုရင်ခံအားဆက်သကြည့်ပါသလော။ သူသည်သင်တို့အားနှစ်သက်ပါမည်လော။ အခွင့်ထူးများကိုသော်လည်းပေးပါလိမ့် မည်လော'' ဟုမိန့်တော်မူ၏။