ဝတ်ပြု 20:12 - Myanmar Common Language Zawgyi Version12 တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့် ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ် စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်း ဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 တစ်စုံတစ်ယောက်သည် မိမိ၏ချွေးမနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့သည် ညစ်ညမ်းသောအမှုကို ပြုခြင်းဖြစ်၏။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ယောက်ျားသည် ကိုယ်ချွေးမနှင့်သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဖွယ်သောရောနှောခြင်းကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ အခန်းကိုကြည့်ပါ။ |
သူသည်ခိုးသည့်တိရစ္ဆာန်အတွက်လျော်ရ မည်။ သူ၌လျော်စရာမရှိလျှင်မိမိကိုယ်ကို ရောင်း၍လျော်ကြေးပေးရမည်။ ခိုးရာပါသိုး၊ နွား၊ မြည်းကိုသူ့ထံ၌အရှင်တွေ့ရလျှင်သူ သည်နှစ်ဆပြန်လျော်ရမည်။ ``အိမ်ကိုညအချိန်ဖောက်ထွင်းနေသောသူခိုး ကိုသတ်သောသူသည် လူသတ်မှုကိုကူးလွန် ရာမရောက်ချေ။ သို့ရာတွင်နေ့အချိန်၌ဖောက် ထွင်းမှုကြောင့်သူခိုးကိုသတ်လျှင် သတ်သော သူသည်လူသတ်မှုကိုကူးလွန်၏။