ဝတ်ပြု 16:21 - Myanmar Common Language Zawgyi Version21 သူသည်ဆိတ်၏ဦးခေါင်းပေါ်တွင်လက် နှစ်ဘက်ကိုတင်လျက် ဣသရေလအမျိုး သားတို့၏ဒုစရိုက်အပြစ်နှင့်ပုန်ကန်မှု ရှိသမျှကိုဝန်ချသောအားဖြင့် ထိုဒုစရိုက် အပြစ်များကိုဆိတ်၏ဦးခေါင်းပေါ်သို့ ကျရောက်စေသည်။ ထိုနောက်တာဝန်ကျ သောသူသည် ဆိတ်ကိုတောကန္တာရထဲ သို့မောင်းနှင်ရမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်21 အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version21 အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဖက်ကိုတင်လျက်၊ ဣသရေလအမျိုးသားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဖော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။