Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဝတ်​ပြု 13:59 - Myanmar Common Language Zawgyi Version

59 ဤ​ပ​ညတ်​သည်​ကား သိုး​မွေး​အဝတ်​အ​ထည် သို့​မ​ဟုတ်​ပိတ်​ချော​အ​ဝတ်​အ​ထည်​တွင်​ဖြစ် စေ၊ သိုး​မွေး​အ​ထည်​စ၊ သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​ထည်​ပစ္စည်း တွင်​ဖြစ်​စေ၊ ဖား​ဥ​ကွက်​ပေါ်​ခြင်း​နှင့်​ဆိုင်​သော ပ​ညတ်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

59 ဤသည်ကား စင်ကြယ်​သည်​၊ မစင်ကြယ်​သည်​ကို​ကြေညာ​နိုင်​ရန် သိုးမွေး​အဝတ်​၊ ချည်ချော​အဝတ်​၊ တိုင်ချည်​၊ ဖောက်ချည်​၊ သားရေ​အသုံးအဆောင်​တစ်ခုခု​စသည်​တို့​၌​စွဲ​သည့် မှိုစွဲနာ​နှင့်ဆိုင်သော​ပညတ်တရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

59 ဤ​ရွေ့​ကား စင်​ကြယ်​သည်၊ မ​စင်​ကြယ်​သည်​ကို​စီ​ရင်​စေ​ခြင်း​ငှာ နူ​နာ​စွဲ​သော ပိတ်​အ​ဝတ်၊ သိုး​မွေး​အ​ဝတ်၊ ရက်​ကန်း​ပင်၊ ရက်​ကန်း​သား၊ သား​ရေ​အ​သုံး​အ​ဆောင်​တို့​နှင့်​ဆိုင်​သော​တ​ရား ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 13:59
12 ပူးပေါင်းရင်းမြစ်များ  

သိုး​မွေး​အ​ဝတ်​အ​ထည်​သို့​မ​ဟုတ်​ပိတ်​ချော အ​ဝတ်​အ​ထည်​တွင်​ဖြစ်​စေ၊-


သိုး​မွေး​အ​ထည်​စ​သို့​မ​ဟုတ်​ပိတ်​ချော အ​ထည်​စ​တွင်​ဖြစ်​စေ၊ သား​ရေ​သို့​မ​ဟုတ် သား​ရေ​ထည်​ပစ္စည်း​တွင်​ဖြစ်​စေ၊-


သူ​သည်​ပစ္စည်း​ကို​ဖွပ်​လျှော်​သ​ဖြင့်​ဖား​ဥ ကွက်​ပျောက်​လျှင် နောက်​တစ်​ကြိမ်​ထပ်​မံ​ဖွပ် လျှော်​ရ​မည်။ ထို့​နောက်​ပစ္စည်း​သည်​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​က​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ဆိုင်​ရာ​အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​အား​ချ​မှတ်​ပေး တော်​မူ​၏။ ထို​သူ​အား​သန့်​စင်​သူ​အ​ဖြစ် ကြေ​ညာ​မည့်​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။-


ဤ​ပ​ညတ်​သည်​ကား​ဆင်း​ရဲ​၍​မ​တတ်​နိုင် သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​သည် လိုက်​နာ​ရ မည့်​သန့်​စင်​ခြင်း​ဝတ်​နှင့်​ဆိုင်​သော​ပ​ညတ် ဖြစ်​သတည်း။


ဤ​ပ​ညတ်​များ​သည်​သန့်​စင်​သည်​မ​သန့်​စင် သည်​ကို အ​ဆုံး​အ​ဖြတ်​ပေး​သော​ပ​ညတ်​များ ဖြစ်​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​စ​ခန်း​အ​လယ်​တွင် တည် ရှိ​သည့်​စံ​တော်​မူ​ရာ​တဲ​တော်​ကို​မ​ညစ်​ညမ်း စေ​ခြင်း​အ​လို့​ငှာ မ​သန့်​စင်​သော​အ​မှု​များ နှင့်​ဆိုင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မော​ရှေ​အား​ဖြင့်​သ​တိ​ပေး​တော်​မူ​၏။ အ​ကယ်​၍​သူ​တို့​သည်​တဲ​တော်​ကို ညစ်​ညမ်း စေ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ​မည်။


ဤ​ပ​ညတ်​တို့​သည်​ကား​ရိ​နာ​စွဲ​သော​သူ၊ သုက်​ရည်​ယို​သော​သူ၊-


ဤ​ပ​ညတ်​များ​သည်​ကား​ဖ​ခင်​၏​အုပ်​ထိန်း မှု​အောက်​တွင် ရှိ​နေ​သေး​သော​မိန်း​မ​ပျို​နှင့် အိမ်​ထောင်​ကျ​ပြီး​သော​အ​မျိုး​သ​မီး​တို့ က​တိ​သစ္စာ​ပြု​ခြင်း​နှင့်​ဆိုင်​သည့်​ပ​ညတ် များ​ဖြစ်​သ​တည်း။


ဤ​ပ​ညတ်​များ​သည်​ကား​ယေ​ရိ​ခေါ​မြို့ တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ​မော​ဘ​လွင်​ပြင်​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပေး​တော် မူ​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။ ရှင်​မော​ရှေ​စီ​ရင်​ရေး​ထား​သော​တော​လည်​ရာ ကျမ်း​ပြီး​၏။


အ​ဆို​ပါ​ပ​ညတ်​သည်​ကား​ခင်​ပွန်း​သည်​က မိ​မိ​ဇ​နီး​ဖောက်​ပြန်​သည်​ဟူ​၍​မ​ယုံ​သင်္ကာ ဖြစ်​သည့်​အ​ခါ​၌ လိုက်​နာ​ရ​သော​ပ​ညတ်​ဖြစ် သည်။ ယဇ်​ပု​ရော​ဟိတ်​သည် အ​မျိုး​သ​မီး​ကို ယဇ်​ပလ္လင်​ရှေ့​တွင်​ရပ်​စေ​၍ ဤ​ပ​ညတ်​အ​တိုင်း စစ်​ဆေး​စီ​ရင်​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ