ယောရှု 9:24 - Myanmar Common Language Zawgyi Version24 ထိုအခါသူတို့က``ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရားသည် ဤပြည်တစ်ပြည်လုံးကို သင်တို့အားပေးမည်ဟူ၍လည်းကောင်း၊ ပြည် သူပြည်သားအားလုံးတို့ကိုသတ်ဖြတ်သုတ် သင်ရမည်ဟူ၍လည်းကောင်း မိမိ၏အစေခံ မောရှေအားမိန့်တော်မူကြောင်းအကျွန်ုပ်တို့ ကြားသိရသဖြင့် သေဘေးကိုကြောက်ရွံ့ သောကြောင့်ထိုကဲ့သို့ပြုမိပါပြီ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်24 သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version24 သူတို့ကလည်း၊ ဤပြည်တစ်လျှောက်လုံးကို သင်တို့အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့မှ ပယ်ရှင်းခြင်းငှာ၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက်သောကြောင့်၊ ဤအမှုကို ပြုပါပြီ။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့သားတို့သည်အလွန်ကြောက် လန့်ကြ၏။ အဘယ်ကြောင့်ဆိုသော်ဂိဗောင် မြို့သည်မင်းနေပြည်တော်မြို့များကဲ့သို့ ကြီးကျယ်ခမ်းနားသောမြို့ဖြစ်သောကြောင့် လည်းကောင်း၊ အာဣမြို့ထက်ကြီး၍မြို့သား တို့သည်တိုက်ရည်ခိုက်ရည်ကောင်းသူများ ဖြစ်သောကြောင့်လည်းကောင်းဖြစ်သတည်း။-