ယောရှု 8:33 - Myanmar Common Language Zawgyi Version33 ခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်33 အစ္စရေးလူမျိုးတို့အား ကောင်းချီးပေးမည့်အကြောင်း ထာဝရဘုရား၏အစေအပါးမောရှေက မိန့်မှာထားခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် တိုင်းတစ်ပါးသားများ၊ အမျိုးသားချင်းများပါလျက် သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ တရားသူကြီးများနှင့်အတူ သေတ္တာတော်တစ်ဖက်တစ်ချက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်တို့ရှေ့၌ရပ်ကြ၏။ ဂေရဇိမ်တောင်အရှေ့တွင် တစ်ဝက်၊ ဧဗလတောင်အရှေ့တွင် တစ်ဝက် ရပ်နေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version33 ဣသရေလအမျိုးသားတို့ကို ကောင်းချီးပေးခြင်းအလိုငှာ၊ ထာဝရဘုရား၏ကျွန်မောရှေမှာထားခဲ့သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီးအမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရောဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာနှစ်ဖက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တစ်ကျွန်းနိုင်ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတစ်ဝက်၊ ဧဗလတောင်ပေါ်မှာ တစ်ဝက်တို့သည် နေကြလျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုအချိန်အခါသည်စပါးရိတ်သိမ်းချိန် ဖြစ်သည်။ မြစ်ရေလျှံချိန်လည်းဖြစ်သည်။ လူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးရန်စခန်း မှထွက်ခွာလာကြသောအခါ ယဇ်ပုရောဟိတ် များသည်သူတို့ရှေ့ကပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်သွားကြ၏။ ယဇ်ပုရောဟိတ်များ သည်မြစ်ထဲသို့ဆင်းမိသည်နှင့်တစ်ပြိုင်နက်၊-