Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 4:18 - Myanmar Common Language Zawgyi Version

18 ယဇ်​ပု​ရော​ဟိတ်​တို့​သည်​မြစ်​ကမ်း​ပေါ်​သို့ ရောက်​သည်​နှင့်​တစ်​ပြိုင်​နက် မြစ်​ရေ​သည်​တစ် ဖန်​စီး​ဆင်း​သ​ဖြင့်​ကမ်း​တစ်​လျှောက်​လုံး ရေ​ပြည့်​လျှံ​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

18 ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို​ထမ်း​ရ​သော ယဇ်ပုရောဟိတ်​တို့​သည် ဂျော်ဒန်​မြစ်​အလယ်​မှ​တက်လာ​၍ ကုန်းမြေ​ပေါ်တွင် ခြေချ​လိုက်​သည်​နှင့် ဂျော်ဒန်​မြစ်​ရေ​သည် ပြန်​စီးလာ​၍ ယခင်က​ကဲ့သို့ ကမ်း​တစ်လျှောက်လုံး ရေ​လျှံ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

18 ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​ကို​ထမ်း​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ ယော်​ဒန်​မြစ်​အ​လယ်​ထဲ​က တက်​လာ၍၊ ခြေ​ဖ​ဝါး​တို့​သည် ကုန်း​ကို​နင်း​မိ​ကြ​သော​အ​ခါ၊ ယော်​ဒန်​မြစ်​ရေ​သည် မိ​မိ​နေ​ရာ​သို့ ပြန်​လာ၍၊ အ​ရင်​ကဲ့​သို့ ကမ်း​တစ်​လျှောက်​လုံး​ကို လျှံ​လျက်​နေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 4:18
8 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ်​၏​ပ​ထ​မ​လ​၌​ယော်​ဒန်​မြစ်​ရေ​လျှံ သော​အ​ခါ သူ​တို့​သည်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် မြစ်​၏​အ​ရှေ့​နှင့်​အ​နောက်​ဘက်​ရှိ​ချိုင့် ဝှမ်း​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​ကို​ထွက်​ပြေး စေ​ကြ​၏။


အာ​ရှု​ရိ​ဘု​ရင်​နှင့်​တပ်​မ​တော်​တည်း​ဟူ​သော မြစ်​လျှံ​ရေ​တို့​သည် ယု​ဒ​ပြည်​တစ်​လျှောက်​လုံး သို့​ဆင်း​ဝင်​ကာ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​လူ တို့​လည်​မျို​လောက်​တိုင်​အောင်​လွှမ်း​မိုး​ကြ လိမ့်​မည်'' ဟု​ငါ့​အား​မိန့်​တော်​မူ​၏။ အို ဧ​မာ​နွေ​လ​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ပါ​သည်​တ​ကား။ ကိုယ်​တော် သည်​မိ​မိ​မေတ္တာ​အ​တောင်​တော်​ကို​ဖြန့်​၍ ငါ တို့​ပြည်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။


ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ကို​ပင့်​ဆောင်​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ် များ​သည် မြစ်​ရေ​ကို​နင်း​မိ​သည်​နှင့်​တစ်​ပြိုင် နက်​မြစ်​ညာ​မှ​စီး​ဆင်း​လာ​သော​ရေ​သည် ရပ်​တန့်​၍​တစ်​နေ​ရာ​တည်း​တွင်​ပင်​စု​ပုံ လျက်​ရှိ​လိမ့်​မည်'' ဟု​ဆို​လေ​၏။


သူ​တို့​အား​လုံး​တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ ကြ​သော​အ​ခါ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော် ကို​ပင့်​ဆောင်​၍​လူ​တို့​ရှေ့​က​သွား​ကြ သည်။-


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ယော​ရှု​ဆင့်​ဆို​လေ​၏။-


လူ​အ​ပေါင်း​တို့​သည်​ပ​ထ​မ​လ​ဆယ်​ရက်​နေ့ ၌​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ကြ​ပြီး​နောက် ယေ​ရိ​ခေါ​မြို့​အ​ရှေ့၊ ဂိ​လ​ဂါ​လ​အ​ရပ် ၌​စ​ခန်း​ချ​ကြ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ