Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 24:9 - Myanmar Common Language Zawgyi Version

9 ထို​နောက်​ဇိ​ဖော်​၏​သား​မော​ဘ​ပြည်​ဘု​ရင် ဗာ​လက်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​လေ​သည်။ သူ​သည်​သင်​တို့​ကို​ကျိန်​ဆဲ ရန်​ဗော​ရ​၏​သား​ဗာ​လမ်​ကို​ခေါ်​စေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ထို့နောက် ဇိဖော်​၏​သား​၊ မောဘ​ဘုရင်​ဗာလက်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တို့​ကို ထ​၍​တိုက်ခိုက်​၏​။ သူ​သည် ဗောရ​၏​သား​ဗာလမ်​ကို လူ​လွှတ်​ခေါ်​၍ သင်​တို့​အား ကျိန်ဆဲ​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်၏​သား​ဗာ​လက်​သည် ထ၍ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သ​ဖြင့်၊ သင်​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ ဗော​ရ၏​သား​ဗာ​လမ်​ကို​ခေါ်​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 24:9
6 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​လူ​မျိုး​တော်​တို့၊ မော​ဘ​ပြည့်​ရှင်​ဗာ​လက် မင်း​က သင်​တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​မည် ကဲ့​သို့​ကြံ​စည်​ခဲ့​သည်​ကို​လည်း​ကောင်း၊ ဗော​ရ ၏​သား​ဗာ​လမ်​က​ဘု​ရင်​အား​မည်​ကဲ့​သို့​ပြန် ပြော​သည်​ကို​လည်း​ကောင်း သ​တိ​ရ​ကြ​လော့၊ အ​ကေး​ရှား​စ​ခန်း​မှ​ဂိ​လ​ဂါ​လ​မြို့​သို့ သွား​သော​ခ​ရီး​လမ်း​တွင် တွေ့​ကြုံ​ခဲ့​ရ​သော အ​ဖြစ်​အ​ပျက်​များ​ကို​သ​တိ​ရ​ကြ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​မည်​ကဲ့ သို့ ကယ်​တင်​တော်​မူ​ခဲ့​ကြောင်း​သင်​တို့​သိ မြင်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


မော​ဘ​ပြည်​ဘု​ရင်၊ ဇိ​ဖော်​၏​သား​ဗာ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လူ​အင်​အား များ​ပြား​ကြောင်း​ကို​လည်း​ကောင်း၊ ထို​ဣ​သ ရေ​လ​လူ​တို့​သည် အာ​မော​ရိ​လူ​တို့​ကို​မည် ကဲ့​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း​ကြား သိ​ရ​သော​အ​ခါ၊-


ထို​အ​ခါ​သူ​တို့​သည်​ဧဒုံ​ဘု​ရင်​ထံ​သို့​စေ တ​မန်​များ​ကို​လွှတ်​၍ ဧ​ဒုံ​ပြည်​ကို​ဖြတ်​သွား ခွင့်​ပြု​ရန်​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ဧ​ဒုံ ဘု​ရင်​က​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​သည်​မော​ဘ ဘု​ရင်​အား​လည်း​ထို​နည်း​တူ​လျှောက်​ထား​ကြ ပြန်​၏။ ထို​ဘု​ရင်​က​လည်း​ခွင့်​မ​ပြု​ချေ။ သို့ ဖြစ်​၍​ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ကာ ဒေ​ရှ​မြို့​တွင်​နေ​ထိုင်​ရ​ကြ​၏။-


သင်​သည်​မိ​မိ​ကိုယ်​ကို​မော​ဘ​ဘု​ရင်၊ ဇိ​ဖော် ၏​သား​ဗာ​လက်​ထက်​ပို​မို​ကြီး​မြတ်​သည်​ဟု ထင်​မှတ်​ပါ​သ​လော။ သူ​သည်​ဣ​သ​ရေ​လ လူ​မျိုး​ကို​ရန်​ပြု​၍​တိုက်​ခိုက်​ဖူး​ပါ​သ လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ