ယောရှု 24:23 - Myanmar Common Language Zawgyi Version23 ယောရှုက``သို့ဖြစ်လျှင်သင်တို့တွင်ရှိသော အခြားဘုရားများကိုစွန့်ပယ်၍ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားဆည်းကပ်ကိုးကွယ်ကြလော့'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်23 ယောရှုကလည်း “သို့ဖြစ်လျှင် သင်တို့တွင်ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားများကို ဖယ်ရှားပြီး သင်တို့၏စိတ်နှလုံးကို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားထံ တိမ်းညွတ်ကြလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version23 ယောရှုက၊ သို့ဖြစ်လျှင်၊ သင်တို့တွင်ရှိသော တစ်ကျွန်းတစ်နိုင်ငံဘုရားတို့ကိုပယ်၍ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားဘက်သို့ စိတ်နှလုံးကိုညွှတ်ကြလော့ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သားတို့သည်ရုပ်တုများနှင့် အပြီးအပိုင်အဆက်ဖြတ်ကြလိမ့်မည်။ ငါသည်သူတို့၏ဆုတောင်းပတ္ထနာကိုနား ညောင်း၍ သူတို့ကိုစောင့်ရှောက်မည်။ ငါသည်အမြဲစိမ်းလန်းသောအပင်ကဲ့သို့ သူတို့ကိုကာကွယ်ထားမည်။ ငါသည်သူတို့အတွက်ကောင်းချီးမင်္ဂလာ အဖြာဖြာ စီးဆင်းရာဖြစ်တော်မူမည်။
ယောရှုကဆက်လက်၍``ယခုသင်တို့သည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ် တော်၏အမှုတော်ကိုစိတ်ထက်သန်စွာသစ္စာ ဖြင့်ဆောင်ရွက်ကြလော့။ မက်ဆိုပိုတေးမီးယား ပြည်နှင့်အီဂျစ်ပြည်တွင်သင်တို့၏ဘိုးဘေး များကိုးကွယ်ခဲ့သောဘုရားများကိုစွန့်ပယ် ၍ထာဝရဘုရားကိုသာကိုးကွယ်ကြလော့။-