ယောရှု 13:9 - Myanmar Common Language Zawgyi Version9 သူတို့ရရှိသောနယ်မြေသည်(အာနုန်မြစ် ဝှမ်းနဖူးပေါ်ရှိ) အာရော်မြို့နှင့်မြစ်ဝှမ်း အလယ်ရှိမြို့အထိကျယ်ပြန့်၍မေဒဘ မြို့နှင့်ဒိဘုန်မြို့အကြားရှိကုန်းပြင်မြင့် တစ်ခုလုံးပါဝင်သည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 သူတို့ရရှိသောအမွေမြေကား အာနုန်ချောင်းနံဘေးရှိ အာရော်မြို့မှစ၍ ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်လျှောက် ဒိဘုန်မြို့အထိ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ထာဝရဘုရား၏ကျွန် မောရှေပေးသောမြေဟူမူကား၊ အာနုန်မြစ်နား၌ရှိသော အာရော်မြို့၊ မြစ်အကွေ့၌ ရှိသမျှသောမြို့တို့နှင့်တကွ၊ ဒိဘုန်မြို့တိုင်အောင် မေဒဘလွင်ပြင်တစ်လျှောက်လုံး၊ အခန်းကိုကြည့်ပါ။ |
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
သူတို့သည်မင်းနှစ်ပါးကိုနှိမ်နင်းခဲ့သည်။ မင်းတစ်ပါးမှာဟေရှဘုန်မြို့တွင်စိုးစံ သောအာမောရိမင်းရှိဟုန်ဖြစ်သည်။ သူ၏ နိုင်ငံတွင်(အာနုန်မြစ်ဝှမ်းအနီးရှိ) အာရော် မြို့နှင့်ယင်းမြစ်ဝှမ်းအလယ်ရှိမြို့မှအမ္မုန် နယ်နိမိတ်ဖြစ်သော ယဗ္ဗုတ်မြစ်အထိကျယ် ပြန့်သည့်ဂိလဒ်ပြည်တစ်ဝက်ပါဝင်သည်။-