Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 10:1 - Myanmar Common Language Zawgyi Version

1 ယေ​ရု​ရှ​လင်​မြို့​၏​ဘု​ရင်​အ​ဒေါ​နိ​ဇေ​ဒက် သည်​ယေ​ရိ​ခေါ​မြို့​ကို​ယော​ရှု​တိုက်​ခိုက်​သိမ်း ပိုက်​၍ ၎င်း​၏​ဘု​ရင်​ကို​ကွပ်​မျက်​ခဲ့​သည့်​နည်း တူ​အာ​ဣ​မြို့​ကို​တိုက်​ခိုက်​သိမ်း​ပိုက်​၍ ၎င်း​၏ ဘု​ရင်​ကို​လည်း​ကွပ်​မျက်​ခဲ့​ကြောင်း​ကြား သိ​ရ​လေ​သည်။ ထို့​အ​ပြင်​ဂိ​ဗောင်​မြို့​သား တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငြိမ်း​ချမ်း​ရေး​စာ​ချုပ်​ချုပ်​၍​အ​တူ​တ​ကွ နေ​ထိုင်​ကြ​ကြောင်း​ကို​လည်း​ကြား​သိ​ရ လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ယောရှု​သည် အာဣ​မြို့​ကို​သိမ်း​၍ ဂျေရိခေါ​မြို့​နှင့်​ဘုရင်​ကို ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​ဘုရင်​ကို​ပြု​၍ ချေမှုန်း​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ ဂိဗောင်​မြို့သား​တို့​သည် အစ္စရေး​လူမျိုး​တို့​နှင့် မိတ်ဖွဲ့​ပြီး အတူ​နေထိုင်​ကြောင်း​ကို​လည်းကောင်း ဂျေရုဆလင်​ဘုရင်​အဒေါနိဇေဒက်​မင်းကြီး ကြား​သောအခါ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​နှင့် မင်း​ကြီး​ကို ပြု​သ​ကဲ့​သို့၊ အာ​ဣ​မြို့​နှင့် မင်း​ကြီး​ကို တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို​လည်း​ကောင်း၊ ဂိ​ဗောင်​မြို့​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့၍ အ​တူ​နေ​ကြောင်း​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည် ကြား​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:1
10 ပူးပေါင်းရင်းမြစ်များ  

အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဖြစ်​၍ ရှာ​လင်​ဘု​ရင်​လည်း​ဖြစ်​သော​မေ​လ​ခိ ဇေ​ဒက်​သည် အာ​ဗြံ​ထံ​သို့​မုန့်​နှင့်​စ​ပျစ်​ရည်​ကို ယူ​ခဲ့​ပြီး​လျှင်၊-


ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား​ရှာ​လင်​မင်း​ဖြစ်​၍ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​ဖြစ်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တည်း။ ဘု​ရင်​လေး​ပါး ကို​နှိမ်​နင်း​ရာ​တိုက်​ပွဲ​မှ​အာ​ဗြ​ဟံ​ပြန်​လာ သော​အ​ခါ သူ​သည်​အာ​ဗြ​ဟံ​အား​ခ​ရီး​ဦး ကြို​ပြု​၍​ကောင်း​ချီး​ပေး​သူ​ဖြစ်​ပေ​သည်။-


သို့​ဖြစ်​၍​ယေ​ရု​ရှ​လင်​မြို့​ဘု​ရင်​မင်း​ကြီး အ​ဒေါ​နိ​ဇေ​ဒက်​သည်​ဟေ​ဗြုန်​ဘု​ရင်​ဟော​ဟံ၊ ယာ​မုတ်​ဘု​ရင်​ဝိ​ရံ၊ လာ​ခိ​ရှ​ဘု​ရင်​ယာ​ဖျာ၊ ဧ​ဂ​လုန်​ဘု​ရင်​ဒေ​ပိ​ရ​တို့​ထံ​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​၍၊-


သူ​တို့​သည်​မြို့​တွင်း​၌​ရှိ​သ​မျှ​သော​ယောကျာ်း၊ မိန်း​မ​အ​ကြီး​အ​ငယ်​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း​တို့​ကို​လည်း​ကောင်း၊ ဓား​ဖြင့်​သတ် ဖြတ်​သုတ်​သင်​ကြ​၏။


သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။


ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​မိ​မိ​တို့ တပ်​ပုန်း​များ​က မြို့​ကို​သိမ်း​လိုက်​ကြောင်း​ကို လည်း​ကောင်း၊ မြို့​မီး​လောင်​လျက်​ရှိ​သည်​ကို လည်း​ကောင်း​တွေ့​မြင်​ရ​လျှင်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​များ​ကို​တိုက်​ခိုက်​သတ်​ဖြတ် ကြ​သည်။-


ဟိ​ဝိ​အ​မျိုး​သား​များ​ဖြစ်​သော​ဂိ​ဗောင်​မြို့ သား​တို့​သည် ယေ​ရိ​ခေါ​မြို့​နှင့် အာ​ဣ​မြို့​များ ကို​ယော​ရှု​မည်​ကဲ့​သို့​တိုက်​ခိုက်​အောင်​မြင်​ခဲ့ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ