ယောဘဝတ္ထု 37:1 - Myanmar Common Language Zawgyi Version1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာမှ ရွေ့သွား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ဤအမှုကြောင့် အကျွန်ုပ်သည် နှလုံးတုန်ရင်ခုန်ရပါ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိနေရာမှ ရွေ့သွား၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည် အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ် ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ် နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့် အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ် မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထ နိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မ ကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည် ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော် မလွန်နိုင်။-
ကျွန်တော်မျိုးသည် ဤအမှုအရာအပေါင်းကို ကြားလျှင် ထိတ်လန့်၍သွားပါ၏။ ကြောက်စိတ်ဖြင့် ကျွန်တော်မျိုး၏နှုတ်ခမ်းတို့သည် ဆတ်ဆတ်တုန်လျက် ကိုယ်ခနွာသည် ပြော့အိကာ ခြေတို့သည် ခွေယိုင်လျက်နေပါ၏။ ကျွန်တော်မျိုးတို့ကို တိုက်ခိုက်သူတို့အား ဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူမည့်အချိန်ကို ကျွန်တော်မျိုးသည် ငြိမ်သက်စွာစောင့်မျှော်၍နေပါမည်။