Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဘဝတ္ထု 24:15 - Myanmar Common Language Zawgyi Version

15 သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

15 အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​သည်​လည်း ‘မည်သူ​မျှ ငါ့​ကို မ​မြင်’​ဟု တွေးထင်​လျက် မျက်နှာ​ကို​ဖုံး​ကာ မှောင်ရီပျိုး​ချိန်​ကို စောင့်မျှော်​နေ​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

15 သူ့​မ​ယား​ကို ခိုး​သော​သူ​သည် ညဥ့်​ဦး​ယံ​အ​ချိန်​ကို​မျှော်​လင့်၍၊ မိ​မိ​မျက်​နှာ​ကို​ဖုံး​လျက် အ​ဘယ်​သူ​မျှ​မ​မြင်​ရ​ဟု ဆို​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္ထု 24:15
15 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ထို​အ​ပြစ်​ကို​ဆိတ်​ကွယ်​ရာ​၌​ပြု ခဲ့​၏။ ငါ​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​ရပ်​လုံး​တွေ့​မြင်​နိုင်​ရန် ထို​အ​မှု​ကို​နေ့ ခင်း​ကြောင်​တောင်​၌​ဖြစ်​ပွား​စေ​မည်' ဟု​မိန့် တော်​မူ​သည်'' ဟု​ဆင့်​ဆို​၏။-


သူ့မယားကို ငါတပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်းမိသော်၎င်း၊


သူ​ယုတ်​မာ​က``ဘု​ရား​သခင်​သည်​ဤ​အ​မှု​တွင် ဂ​ရု​စိုက်​တော်​မ​မူ။ ကိုယ်​တော်​သည်​မျက်​စိ​ကို​မှိတ်​၍​ထား​တော် မူ​ပြီ။ ငါ့​ကို​အ​ဘယ်​အ​ခါ​မျှ​မြင်​တော်​မူ​လိမ့်​မည် မ​ဟုတ်'' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​တတ်​၏။


သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။


သူ​တို့​က``ဘု​ရား​သ​ခင်​သည်​သိ​တော်​မူ​လိမ့်​မည် မ​ဟုတ်။ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​သည်​တွေ့​မြင်​တော်​မူ လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​တတ်​ကြ​၏။


သူ​တို့​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို မြင်​တော်​မ​မူ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် သည် ရှု​မြင်​တော်​မ​မူ'' ဟု​ဆို​ကြ​၏။


``သူ့​သား​အိမ်​ရာ​ကို​မ​ပြစ်​မှား​နှင့်။-


ဥာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဥာဏ်မရှိသော လူပျိုတယောက်သည်၊


ဘု​ရား​သ​ခင်​က​ငါ့​အား``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​များ လျှို့​ဝှက်​စွာ​ပြု​လျက်​နေ​ကြ​သော​အ​မှု​ကို သင်​မြင်​သ​လော။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ် ပိုင်​ရုပ်​တု​များ​ရှိ​သော​အ​ခန်း​ထဲ​၌​ကိုး ကွယ်​ဝတ်​ပြု​နေ​ကြ​၏။ သူ​တို့​က`ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​မ​မြင်။ ကိုယ်​တော် သည်​ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ' ဟု​ဆင်​ခြေ​ပေး​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။


ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည် သူ​ပြည်​သား​တို့​၏​အ​ပြစ်​များ​သည်​အ​ကယ် ပင်​ကြီး​လေး​၏။ သူ​တို့​သည်​ပြည်​တွင်း​နေ​ရာ တ​ကာ​တွင်​လူ​သတ်​မှု​များ၊ ပြစ်​မှု​များ​ဖြင့် ပြည့်​နှက်​စေ​ကြ​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​မြင်​တော်​မ​မူ' ဟု ဆို​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ