ရှင်ယောဟန်ခရစ်ဝင် 20:1 - Myanmar Common Language Zawgyi Version1 တနင်္ဂနွေနေ့မိုးမလင်းမီမှောင်လျက်နေသေး စဉ်အခါမာဂဒလမြို့သူမာရိသည်သင်္ချိုင်း တော်သို့လာရာဂူဝမှကျောက်တုံးကိုဖယ် ရှားထားသည်ကိုတွေ့ရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ရက်သတ္တပတ်၏ပထမနေ့၌ မာဂဒလမြို့သူမာရိသည် မှောင်လျက်ရှိနေသေးသော နံနက်စောစောအချိန်တွင် သင်္ချိုင်းတော်သို့ရောက်လာရာ ကျောက်တုံးအား ဂူဝမှ ဖယ်ရှားထားပြီးဖြစ်သည်ကိုမြင်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1 ခုနစ်ရက်တွင် ပထမနေ့ရက်၊ မိုးမလင်းမီ စောစောအချိန်၌ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့ သွား၍ တွင်းဝ၌ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သုံးရက်မြောက်သောနေ့အထိသင်္ချိုင်းဂူ ကိုလုံခြုံစွာပိတ်၍စောင့်ကြပ်စေရန်အမိန့်ပေး တော်မူပါ။ သို့မဟုတ်ပါမူသူ၏တပည့်များသည် လာ၍ရုပ်အလောင်းကိုခိုးယူကာသူသည်သေခြင်း မှထမြောက်လေပြီဟုလူတို့အားပြောကြလိမ့်မည်။ ထိုအခါနောက်ဆုံးလှည့်စားချက်သည်ပထမ လှည့်စားချက်ထက်ပို၍ဆိုးပါလိမ့်မည်'' ဟု လျှောက်ထားကြ၏။
ထိုနောက်ရက်သတ္တတစ်ပတ်ကြာသော်တပည့် တော်တို့သည် အိမ်အတွင်းမှာစုဝေးလျက်ရှိ ကြ၏။ သောမလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက်ရှိ၏။ သို့ရာတွင် သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ ၏အလယ်တွင်ရပ်တော်မူပြီးလျှင် ``သင်တို့ ၌ငြိမ်သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော် မူ၏။-