ယေရမိ 52:20 - Myanmar Common Language Zawgyi Version20 ဗိမာန်တော်အတွက်ရှောလမုန်မင်းပြု လုပ်ခဲ့သောကြေးဝါပစ္စည်းများဖြစ်သည့် တိုင်ကြီးနှစ်လုံး၊ အောက်ခံခုံများ၊ ရေကန် ကြီးနှင့်အောက်ခံနွားရုပ်တစ်ဆယ့်နှစ်ခု တို့သည်ချိန်တွယ်၍မရအောင်ပင်လေးလံ ပေသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်20 ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်၊ ရေကန်အောက်၌ရှိသောကြေးနီနွားရုပ်တစ်ဆယ့်နှစ်ရုပ်နှင့် တွန်းလှည်းများ စသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version20 ဗိမာန်တော်၌ ရှောလမုန်မင်းကြီး လုပ်သောတိုင်နှစ်တိုင်၊ ရေကန်တစ်ခု၊ ရေကန်ခံစရာ အခြေအမြစ် ကြေးဝါနွား တစ်ဆယ်နှစ်ခု၌ပါသောကြေးဝါသည် အချိန်အားဖြင့် အတိုင်းမသိများ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ဗိမာန်တော်တည်ဆောက်ရန်အတွက် ရွှေတန်ချိန်လေးထောင်ခန့်ကိုလည်းကောင်း၊ ငွေတန်ချိန်လေးသောင်းနီးပါးမျှကိုလည်း ကောင်းကြိုးစား၍စုဆောင်းထားခဲ့၏။ ထိုမှ တစ်ပါးလည်းအချိန်မရေမတွက်နိုင်အောင် များပြားသောကြေးဝါနှင့်သံများလည်း ငါ့မှာရှိ၏။ သစ်များ၊ ကျောက်များလည်း အဆင်သင့်ရှိ၏။ သို့ရာတွင်သင်သည် ထပ်မံ၍စုဆောင်းရလိမ့်ဦးမည်။-