Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 52:16 - Myanmar Common Language Zawgyi Version

16 သို့​ရာ​တွင်​အ​လွန့်​အ​လွန်​ဆင်း​ရဲ​သော​သူ အ​ချို့​ကို​မူ ယု​ဒ​ပြည်​တွင်​ချန်​ထား​ခဲ့​၍ စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ​တွင် အ​လုပ်​လုပ်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 သို့သော် ကိုယ်ရံတော်မှူး​နေဗုဇာရဒန်​သည် ဆင်းရဲ​သော​ပြည်သား​အချို့​ကို ချန်ထား​၍ စပျစ်ခြံ​များ​၊ လယ်​များ​တွင် အလုပ်​လုပ်​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 သို့​ရာ​တွင်၊ စ​ပျစ်​ဥ​ယျာဉ်​ကို​ပြု​စု၍ လယ်​လုပ်​စေ​ခြင်း​ငှာ၊ ဆင်း​ရဲ​သား​အ​ချို့​တို့​ကို ထား​ခဲ့​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 52:16
6 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဆင်း​ရဲ​သား​အ​ချို့​တို့​ကို​မူ​ယု​ဒ ပြည်​တွင် စ​ပျစ်​ဥ​ယျာဉ်​များ​နှင့်​လယ်​ယာ​များ တွင်​အ​လုပ်​လုပ်​စေ​ရန်​ထား​ခဲ့​လေ​သည်။


ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​၏​နန်း​စံ​တစ် ဆယ့်​ကိုး​နှစ်၊ ပဉ္စ​မ​လ၊ ခု​နစ်​ရက်​နေ့​၌​မင်း​ကြီး ၏​အ​တိုင်​ပင်​ခံ​ဖြစ်​သူ​တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက်​၍၊-


တပ်​မှူး​သည်​ငါ့​အား​နှစ်​ဦး​ချင်း​တွေ့​ဆုံ​ရန် ခေါ်​ယူ​ပြီး​လျှင်``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​ပြည်​ကို​ဖျက်​ဆီး​ရန်​ခြိမ်း​ခြောက် တော်​မူ​ခဲ့​သည့်​အ​တိုင်း၊-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​ရှိ​ပျက်​စီး​ယို​ယွင်း​နေ​သော​မြို့​များ​တွင် နေ​ထိုင်​သူ​တို့​က`အာ​ဗြ​ဟံ​သည်​လူ​တစ်​ဦး မျှ​သာ​ဖြစ်​သော်​လည်း​ဤ​ပြည်​တစ်​ပြည်​လုံး ကို​အ​ပိုင်​ရ​ရှိ​ခဲ့​၏။ ယ​ခု​ငါ​တို့​သည်​ကား အ​ရေ​အ​တွက်​အား​ဖြင့်​များ​သည်​ဖြစ်​၍​ဤ ပြည်​ကို​ငါ​တို့​အ​ပိုင်​ရ​ကြ​ပြီ' ဟု​ပြော​ဆို နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ