ယေရမိ 40:15 - Myanmar Common Language Zawgyi Version
15 ထိုအခါယောဟနန်က``အကျွန်ုပ်အား၊ ဣရှ မေလကိုသွား၍သတ်ခွင့်ပြုပါ။ သတ်သော သူကိုမည်သူမျှသိလိမ့်မည်မဟုတ်ပါ။ သူ့ အားအဘယ်ကြောင့်အရှင့်ကိုသတ်ခွင့်ပေး ရပါမည်နည်း။ ဤသို့ပြုပါမူအရှင့်ထံ သို့လာရောက်စုဝေးနေကြသည့်ယုဒ အမျိုးသားတို့သည် ကွဲလွင့်၍သွားကာ ယုဒပြည်တွင်ကျန်ရစ်သူအပေါင်းတို့ သည် ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရကြ ပါလိမ့်မည်'' ဟုတိတ်တဆိတ်လျှောက် ထား၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
15 ထိုအခါ ကာရာ၏သားယောဟနန်က “နေသနိ၏သားဣရှမေလကို သွား၍သတ်ရသောအခွင့်ကို ပေးပါ။ မည်သူမျှ မသိစေရ။ အဘယ်ကြောင့် သူသည် သင့်ကိုသတ်၍ သင့်ကိုခိုလှုံလာသောယုဒလူအပေါင်းတို့ကို ကွဲလွင့်စေမည်နည်း။ အဘယ်ကြောင့် ယုဒပြည်၌ကြွင်းကျန်သောသူတို့ ပျက်စီးကြရမည်နည်း”ဟု ဂေဒလိအား မိဇပါမြို့၌ တိတ်တဆိတ်လျှောက်ဆို၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
15 ထိုအခါ ကာရာသား ယောဟနန်ကလည်း၊ အကျွန်ုပ်သွား၍ နာသနိသား ဣရှမေလကို သတ်ရသောအခွင့်ကို ပေးပါလော့။ အဘယ်သူမျှ မသိရ။ သူသည် ကိုယ်တော်ကိုသတ်၍၊ ကိုယ်တော်ထံ၌ စုဝေးသော ယုဒလူအပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့်၊ ယုဒပြည်၌ ကျန်ကြွင်းသောသူတို့သည် အဘယ်ကြောင့် ပျက်စီးရကြပါမည်နည်းဟု၊ မိဇပါမြို့၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ