ယေရမိ 39:3 - Myanmar Common Language Zawgyi Version3 (ယေရုရှလင်မြို့ကိုသိမ်းယူရရှိသောအခါ နေရဂါလရှရေဇာ၊ သံဂါနေဗော၊ စာသခိမ် နှင့်အခြားနေရဂါလရှရေဇာတို့အပါ အဝင်ဗာဗုလုန်ဘုရင်၏မှူးမတ်တို့သည် အလယ်တံခါးသို့လာ၍ထိုင်ကြ၏။) အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 ရွှေဓားဝန် နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ် စာသခိမ်၊ မာဂုပညာရှိအုပ် နေရဂါလရှရေဇာ တည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်အစရှိသော မှူးတော်မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ ထိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါငါသည်ဇေဒကိမင်းအား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်အနန္တ တန်ခိုးရှင်ထာဝရဘုရားက `သင်သည်ဗာ ဗုလုန်ဘုရင်၏မှူးမတ်တို့ထံတွင်လက်နက် ချပါမူအသက်ချမ်းသာရာရလိမ့်မည်။ ဤ မြို့သည်လည်းမီးလောင်ကျွမ်းရလိမ့်မည်မ ဟုတ်။ သင်နှင့်သင်၏အိမ်ထောင်စုသားများ ပါအသက်ချမ်းသာကြလိမ့်မည်။-