Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 38:1 - Myanmar Common Language Zawgyi Version

1 မ​ဿန်​၏​သား​ရှေ​ဖ​တိ၊ ပါ​ရှု​ရ​၏​သား​ဂေ​ဒ​လိ၊ ရှေ​လ​မိ​၏​သား​ယေ​ဟု​က​လ၊ မာ​လ​ခိ​၏​သား ပါ​ရှု​ရ​တို့​သည်​ပြည်​သူ​တို့​အား​ငါ​ပြော​ဆို လျက်​နေ​သော​စ​ကား​များ​ကို​ကြား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 လူ​အပေါင်း​တို့​အား ယေရမိ​ဆင့်ဆို​သော​စကား​ကို မဿန်​၏​သား ရှေဖတိ​၊ ပါရှုရ​၏​သား ဂေဒလိ​၊ ရှေလမိ​၏​သား ယေဟုကလ​၊ မာလခိယ​၏​သား ပါရှုရတို့ ကြား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1-3 ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ထဲ​မှာ​နေ​သော​သူ​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​နှင့် သေ​လိမ့်​မည်။ ခါ​လ​ဒဲ​လူ​တို့​ဘက်​သို့ ထွက်​သွား​သော သူ​သည်​အ​သက်​ချမ်း​သာ၍၊ လက်​ရ​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို​ရ​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ဗိုလ်​ခြေ​လက်​သို့ ဆက်​ဆက်​အပ်၍၊ သူ​သည် သိမ်း​ယူ​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏​ဟု၊ ယေ​ရ​မိ​သည် လူ​အ​ပေါင်း​တို့​အား ဟော​ပြော​တတ်​သော​စ​ကား​များ​ကို မဿန်​သား ရှေ​ဖ​တိ၊ ပါ​ရှု​ရ​သား ဂေ​ဒ​လိ၊ ရှေ​လ​မိ​သား ယေ​ဟု​က​လ၊ မာ​လ​ခိ​သား ပါ​ရှု​ရ​တို့​သည်​ကြား​သော​အ​ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:1
12 ပူးပေါင်းရင်းမြစ်များ  

ပါ​ရုတ်​သား​ချင်း​မှ ၂၁၇၂ ရှေ​ဖ​တိ​သား​ချင်း​စု​မှ ၃၇၂ အာ​ရာ​သား​ချင်း​စု​မှ ၇၇၅ ပါ​ဟတ်​မော​ဘ​သား​ချင်း​စု (ယော​ရှု​နှင့်​ယွာ​ဘတို့​၏​မြေး​များ) ၂၈၁၂ ဧ​လံ​သား​ချင်း​စု​မှ ၁၂၅၄ ဇတ္တု​သား​ချင်း​စု​မှ ၉၄၅ ဇက္ခဲ​သား​ချင်း​စု​မှ ၇၆၀ ဗာ​နိ​သား​ချင်း​စု​မှ ၆၄၂ ဗေ​ဗဲ​သား​ချင်း​စု​မှ ၆၂၃ အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ ၁၂၂၂ အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ ၆၆၆ ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ ၂၀၅၆ အာ​ဒိန်​သား​ချင်း​စု​မှ ၄၅၄ အာ​တာ​ဟု​လည်း​ကောင်း​နာ​မည်​တွင်​သည့် ဟ​ဇ​ကိ​သား​ချင်း​စု​မှ ၉၈ ဗေ​ဇဲ​သား​ချင်း​စု​မှ ၃၂၃ ယော​ရ​သား​ချင်း​စု​မှ ၁၁၂ ဟာ​ရှုံ​သား​ချင်း​စု​မှ ၂၂၃ ဂိဗ္ဗာ​သား​ချင်း​စု​မှ ၉၅


ဤ​သား​ချင်း​စု​မှ​လူ​စု​စု​ပေါင်း​ရှစ်​ရာ​နှစ် ဆယ့်​နှစ်​ယောက်​တို့​သည်​ဗိ​မာန်​တော်​တွင် အ​မှု​ထမ်း​ကြ​၏။ ပေ​လ​လိ​၏​မြေး၊ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​မ​ဇိ၊ ဇာ​ခ​ရိ၊ ပါ​ရှု​ရ၊ မာ​လ​ခိ​တို့​ပါ​ဝင်​သည်။-


ပ​ရော​ဖက်​ယေ​ရ​မိ​က​ယု​ဒ​ပြည်​သား အ​ပေါင်း​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​အ​ပေါင်း​တို့​အား၊-


သို့​ရာ​တွင်​သင့်​အား​ငါ​ထာ​ဝ​ရ​ဘု​ရား ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​မည်​ဖြစ်​၍ သင် သည်​မိ​မိ​ကြောက်​လန့်​သည့်​လူ​တို့​၏​လက် တွင်း​သို့​ကျ​ရောက်​ရ​လိမ့်​မည်​မ​ဟုတ်။-


သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ