Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 29:16 - Myanmar Common Language Zawgyi Version

16 ဒါ​ဝိဒ်​၏​ရာ​ဇ​ပလ္လင်​တွင်​ထိုင်​သည့်​ဘု​ရင်​အား လည်း​ကောင်း၊ သင်​တို့​နှင့်​အ​တူ​သုံ့​ပန်း​များ အ​ဖြစ်​အ​ဖမ်း​မ​ခံ​ခဲ့​ရ​သော​သင်​တို့​၏ ဆွေ​မျိုး​ညာ​တိ​များ​ဖြစ်​သူ ဤ​မြို့​မှ​မြို့​သူ မြို့​သား​တို့​အား​လည်း​ကောင်း​ရည်​မှတ်​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထို့ကြောင့် ထာဝရဘုရား​က ဒါဝိဒ်​မင်းကြီး​၏​ရာဇပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော ဘုရင်​နှင့်​ပတ်သက်၍​လည်းကောင်း​၊ သင်​တို့​နှင့်အတူ သုံ့ပန်း​အဖြစ်​ပါ​မ​သွား​သော သင်​တို့​ညီအစ်ကို​များ​ဖြစ်​သည့် ဤ​မြို့​တွင်​ကျန်နေ​ခဲ့​သော​သူ​အပေါင်း​တို့​နှင့်​ပတ်သက်၍​လည်းကောင်း ဤသို့​မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

16 ဒါ​ဝိဒ်၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​သော ရှင်​ဘု​ရင်​မှ​စ၍၊ ဤ​မြို့၌ နေ​သော​သူ အ​ပေါင်း​တည်း​ဟူ​သော၊ သင်​တို့​နှင့်​အ​တူ သိမ်း​သွား​ခြင်း​ကို မ​ခံ​ရ​သော သင်​တို့​ညီ​အစ်​ကို​များ​ကို​ရည်​မှတ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 29:16
11 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဒ​ကိ​သည်​အ​သက်​နှစ်​ဆယ့်​တစ်​နှစ်​ရှိ​သော အ​ခါ​ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ​လေ သည်။-


ပ​ထ​မ​တောင်း​တွင်​စော​စော​မှည့်​သည့်​သင်္ဘော သ​ဖန်း​သီး​များ​ရှိ​၏။ အ​ခြား​တောင်း​တွင် မူ​ကား​စား​၍​မ​ရ​နိုင်၊ ပုပ်​နေ​သော​သင်္ဘော သ​ဖန်း​သီး​များ​ရှိ​လေ​သည်။-


``ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ၊ သူ​၏​အ​ခြွေ​အ​ရံ မှူး​မတ်​များ​နှင့် ဤ​ပြည်​တွင်​ကျန်​ရစ်​ခဲ့​သူ သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​သို့​ပြောင်း​ရွှေ့​သွား သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​မူ​ကား ငါ ထာ​ဝ​ရ​ဘု​ရား​သည်​စား​၍​မ​ရ​နိုင်​လောက် အောင်​ပုပ်​နေ​သည့်​သ​င်္ဘော​သ​ဖန်း​သီး​များ ကဲ့​သို့​ရှု​မှတ်​မည်။-


ငါ​သည်​စာ​ကို​ယု​ဒ​ဘု​ရင်​ဇေ​ဒ​ကိ​က နေ​ဗု​ခဒ်​နေ​ဇာ​ထံ​စေ​လွှတ်​သော ရှာ​ဖန်​၏​သား ဧ​လာ​သာ​နှင့်​ဟိ​လ​ခိ​၏​သား​ဂေ​မ​ရိ​တို့ အား​ဖြင့်​ပေး​ပို့​လိုက်​၏။ စာ​တွင်၊


သို့​ဖြစ်​၍​ငါ​သည်​အ​မျက်​တော်​ကို​သွန်း​လောင်း ၍ သူ​တို့​အ​ပေါ်​သို့​အ​မျက်​တော်​ကို​မီး​သ ဖွယ်​သက်​ရောက်​စေ​မည်။ သူ​တို့​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​သူ​တို့​၏​ခေါင်း​ပေါ်​သို့​ကျ​ရောက် စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ