ယေရမိ 28:12 - Myanmar Common Language Zawgyi Version12 ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည်ငါ့အား၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 ပရောဖက်ယေရမိ၏ပခုံးမှထမ်းပိုးကို ပရောဖက်ဟာနနိယချိုးပြီးနောက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံရောက်လာ၍ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ပရောဖက်ဟာနနိသည် ပရောဖက်ယေရမိ၏လည်ပင်းမှ ထမ်းပိုးကို ချိုးပယ်သောနောက်၊ တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊ အခန်းကိုကြည့်ပါ။ |
ထိုအခါထာဝရဘုရားက``ငါထာဝရ ဘုရားသည်ရှေမာယနှင့်သူ၏သားမြေး တို့ကိုအပြစ်ဒဏ်ခတ်မည်။ သူ့ကိုငါမစေ လွှတ်ခဲ့သော်လည်းသူသည်ပရောဖက်တစ် ပါးဖြစ်လေဟန်ဖြင့်ဟောပြောကာ သင်တို့ အားမုသားစကားကိုယုံကြည်စေသည် ဖြစ်၍ သူနှင့်သူ၏သားမြေးတစ်စုံတစ်ယောက် မျှမကျန်ငါဒဏ်ခတ်လိမ့်မည်။ သူသည်ငါ၏ လူမျိုးတော်အားငါ့ကိုပုန်ကန်ရန်လှုံ့ဆော် ပြောဆို၏။ ထို့ကြောင့်သူသည်ထိုသူတို့အား ငါချပေးမည့်ကောင်းကျိုးချမ်းသာကိုတွေ့ မြင်ရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏'' ဟု ရှေမာယနှင့်ပတ်သက်၍မိန့်မြွက်တော်မူ သောစကားကို ဗာဗုလုန်မြို့ရှိသုံ့ပန်း အပေါင်းတို့အားအကြောင်းကြားရန် ငါ့အားမိန့်မှာတော်မူ၏။