ယေရမိ 11:20 - Myanmar Common Language Zawgyi Version
20 ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
20 စိတ်နှလုံးအတွင်းသဘောကို စစ်ဆေး၍ ဖြောင့်မတ်စွာတရားစီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ သူတို့အား လက်တုံ့ပြန်တော်မူသည်ကို အကျွန်ုပ်မြင်တွေ့ပါရစေ။ အကျွန်ုပ်၏အမှုကို ကိုယ်တော်ထံ လျှောက်ထားပါပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ
20 နှလုံးကျောက်ကပ်ကိုစစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ထိုသူတို့အားအပြစ်ပေးတော်မူကြောင်းကို အကျွန်ုပ်မြင်လိုပါ၏။ အကျွန်ုပ်အမှုကို ကိုယ်တော်အား ကြားလျှောက်ပါပြီ။
အခန်းကိုကြည့်ပါ။ ကော်ပီ