သူကြီး 9:20 - Myanmar Common Language Zawgyi Version20 သို့ရာတွင်အကယ်၍ဤအမှုသည်မရိုး မဖြောင့်လျှင်မူကား အဘိမလက်ထံမှ မီးလျှံထွက်၍ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့ ရှိလူတို့အားကျွမ်းလောင်ပါစေသော။ ရှေခင် မြို့နှင့်ဗေသမိလ္လောမြို့ရှိလူတို့ထံမှလည်း မီးလျှံထွက်၍အဘိမလက်အားကျွမ်း လောင်ပါစေသော။'' အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်20 သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင် အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version20 သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊ အခန်းကိုကြည့်ပါ။ |
ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဓားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။
ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။