Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 7:25 - Myanmar Common Language Zawgyi Version

25 သူ​တို့​သည်​မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို​လက်​ရ​ဖမ်း​မိ​သ ဖြင့် သြ​ရ​ဘ​အား​သြ​ရ​ဘ​ကျောက်​၌​လည်း ကောင်း၊ ဇေ​ဘ​ကို​ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ အ​ရပ်​၌​လည်း​ကောင်း​ကွပ်​မျက်​လိုက်​ကြ လေ​သည်။ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား တို့​နောက်​သို့​ဆက်​လက်​လိုက်​လံ​ကြ​ပြီး နောက် သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​၏​ဦး​ခေါင်း ကို​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​သို့​ရောက် ရှိ​နေ​သော​ဂိ​ဒေါင်​၏​ထံ​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

25 သူ​တို့​သည် မိဒျန်​လူမျိုး​တို့​၏​အကြီးအကဲ​နှစ်​ဦး​ဖြစ်​သည့် ဩရဘ​နှင့်​ဇေဘ​ကို​ဖမ်းဆီး​ကြ​၏​။ ဩရဘ​ကို ဩရဘ​ကျောက်ဆောင်​၌ သတ်​၍ ဇေဘ​ကို ဇေဘ​စပျစ်သီးနယ်ရာကျင်း​၌ သတ်​ပြီးလျှင် မိဒျန်​လူမျိုး​တို့​နောက်​သို့​လိုက်​ကြ​၏​။ ဩရဘ​နှင့် ဇေဘ​တို့​၏​ဦးခေါင်း​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​ရှိ ဂိဒေါင်​ထံသို့​ယူဆောင်​လာ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

25 မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ယောက်၊ ဩ​ရ​ဘ​နှင့်​ဇေ​ဘ​ကို ဖမ်း​ဆီး၍၊ ဩ​ရ​ဘ​ကို ဩ​ရ​ဘ​ကျောက်​ပေါ်၌​လည်း​ကောင်း၊ ဇေ​ဘ​ကို ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ၌​လည်း​ကောင်း သတ်​ပြီး​မှ၊ မိ​ဒျန်​လူ​တို့​ကို​လိုက်​သ​ဖြင့်၊ ဩ​ရ​ဘ၏​ဦး​ခေါင်း​နှင့် ဇေ​ဘ၏​ဦး​ခေါင်း​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်၊ ဂိ​ဒေါင်​ထံ​သို့ ဆောင်​ခဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 7:25
7 ပူးပေါင်းရင်းမြစ်များ  

အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘုရား​သည် သြ​ရ​ဘ​ကျောက်​အ​နီး​တွင် မိ​ဒျန်​အ​မျိုး​သား တို့​အား​ငါ​၏​နှင်​တံ​နှင့်​ရိုက်​ဆုံး​မ​ခဲ့​သည် နည်း​တူ​သူ​တို့​ကို​လည်း​ရိုက်​ဆုံး​မ​မည်။ ငါ သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ခဲ့​သည့်​နည်း​တူ သူ​တို့​ကို လည်း​ဆင်း​ရဲ​ဒုက္ခ​ရောက်​စေ​မည်။-


အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် သူ​တို့​ထမ်း​ပိုး​နှင့် သူ​တို့​အား​ရိုက်​သည့်​တုတ်​ကို​ချိုး​ပစ် တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ရှေး​အ​ခါ​က​ကိုယ်​တော်​သည်​မိ​ဒျန်​အ​မျိုး​သား တို့​အား​နှိမ်​နင်း​တော်​မူ​ခဲ့​သည့်​နည်း​တူ၊ ကိုယ်​တော်​၏​လူ​မျိုး​တော်​အား​နှိပ်​စက်​ညှဉ်း​ဆဲ ကြ​သည့် လူ​မျိုး​အား​နှိမ်​နင်း​တော်​မူ​ပါ​ပြီ။


ကုရှန်ပြည်သားတို့ကြောက်လန့်လျက်၊ နေသည်ကိုလည်းကောင်း၊ မိဒျန်ပြည်သားတို့ တုန်လှုပ်လျက်နေသည်ကိုလည်ကောင်း ကျွန်တော်မျိုးမြင်ပါ၏။


သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ