သူကြီး 7:15 - Myanmar Common Language Zawgyi Version15 ထိုသူ၏အိပ်မက်နှင့်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုကြားသိရသောအခါဂိဒေါင်သည်ဒူး ထောက်၍ ထာဝရဘုရားအားကိုးကွယ်၏။ ထိုနောက်ဣသရေလတပ်စခန်းသို့ပြန် ပြီးလျှင်``ထကြ၊ ထာဝရဘုရားသည်သင် တို့အားမိဒျန်တပ်အပေါ်၌အောင်ပွဲခံ စေတော်မူလေပြီ'' ဟုဆို၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်15 ဂိဒေါင်သည် ထိုအိပ်မက်နှင့် အိပ်မက်အနက်ကိုကြားသောအခါ ထာဝရဘုရားအား ရှိခိုးကိုးကွယ်၏။ ထို့နောက် အစ္စရေးတပ်စခန်းသို့ပြန်လာ၍ “ထကြ။ ထာဝရဘုရားသည် မိဒျန်တပ်စခန်းကို သင်တို့လက်သို့အပ်တော်မူပြီ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version15 ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည်ကြားသောအခါ၊ ကိုးကွယ်၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင်၊ ထကြ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက်၌ အပ်တော်မူမည်ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
သူက``ငါ့နောက်သို့လိုက်ကြလော့။ ထာဝရ ဘုရားသည်သင်တို့အားရန်သူဖြစ်သော မောဘအမျိုးသားတို့အပေါ်၌အောင်ပွဲ ခံစေတော်မူပြီ'' ဟုသူတို့အားပြောလေ သည်။ သို့ဖြစ်၍ဣသရေလအမျိုးသား တို့သည်တောင်ကုန်းပေါ်မှဆင်း၍ ဧဟုဒ၏ နောက်သို့လိုက်ပြီးလျှင်မောဘအမျိုးသား တို့ကူးရာယော်ဒန်မြစ်ကူးဆိပ်ကိုသိမ်း ယူကြလေသည်။ ရန်သူတို့တစ်ယောက်မျှ မြစ်ကိုကူးခွင့်မရကြ။-