သူကြီး 21:5 - Myanmar Common Language Zawgyi Version5 သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-) အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 အစ္စရေးအမျိုးသားတို့က “မိဇပါမြို့သို့ မလာသောသူ၊ ထာဝရဘုရားရှေ့တော်သို့ မလာသောသူသည် မုချအသတ်ခံရမည်”ဟု တင်းတင်းကျပ်ကျပ်ကျိန်ဆိုထားကြသည်ဖြစ်၍ “အစ္စရေးအမျိုးအနွယ်တို့တွင် မည်သူသည် ဤလူစုဝေးရာထာဝရဘုရားထံတော်သို့ မလာဘဲ နေကြသနည်း”ဟု စစ်ဆေးမေးမြန်းကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ဣသရေလ အမျိုးသားတို့ကလည်း၊ ဣသရေလ အမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိသတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ၏။ အကြောင်းမူကား၊ မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲနေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကိုခံစေဟု ကြီးစွာသောကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ။ အခန်းကိုကြည့်ပါ။ |
နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားကိုကြောက်သဖြင့် တညီတညွတ် တည်းထွက်လာကြ၏။-