သူကြီး 19:26 - Myanmar Common Language Zawgyi Version26 အရုဏ်တက်ချိန်၌အမျိုးသမီးသည်လာ၍ မိမိ၏ခင်ပွန်းရှိရာအဖိုးအို၏အိမ်တံခါးဝ ၌လဲကျသွားတော့၏။ သူသည်မိုးလင်းချိန်၌ လည်းထိုနေရာတွင်ပင်ရှိနေသေး၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်26 အရုဏ်တက်ချိန်တွင် ထိုမိန်းမသည် ပြန်လာ၍ သူ့ခင်ပွန်းတည်းခိုရာအဖိုးအို၏အိမ်တံခါးနားတွင် လဲကျ၍ မိုးလင်းသည်အထိ နေလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version26 အာရုဏ်တက်သောအခါ၊ မိန်းမသည်လာ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုးလင်းသည်တိုင်အောင် လဲနေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။-