Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




သူ​ႀကီး 16:3 - Myanmar Common Language Zawgyi Version

3 သို့​ရာ​တွင်​ရှံ​ဆုန်​သည်​သန်း​ခေါင်​တိုင်​အောင် သာ​အိပ်​ပြီး​နောက်​ထ​၍​တံ​ခါး​ရွက်၊ တံ​ခါး တိုင်၊ ကန့်​လန့်​ကျင်​နှင့်​တ​ကွ​မြို့​တံ​ခါး​ကို ဆွဲ​နုတ်​ပြီး​လျှင်​ပ​ခုံး​ပေါ်​မှာ​ထမ်း​၍ ဟေ​ဗြုန် မြို့​အ​နီး​တောင်​ထိပ်​ပေါ်​သို့​ယူ​ဆောင်​သွား လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

3 သို့သော် ရှံဆုန်​သည် ညသန်းခေါင်​တိုင် အိပ်​ပြီးမှ သန်းခေါင်ချိန်​တွင်​ထ​ပြီး မြို့​တံခါးရွက်​နှင့်တကွ တံခါးတိုင်​နှစ်​တိုင်​ကို ဆုပ်ကိုင်​ပြီး ကန့်လန့်ကျင်​ပါ​လျက် ဆွဲနုတ်​ပစ်​လေ​၏​။ ထို့နောက် ပခုံး​ပေါ်​တင်​၍ ဟေဗြုန်​မြို့​အရှေ့ဘက်​ရှိ တောင်​ထိပ်​ပေါ်သို့ ထမ်းသွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

3 ရှံ​ဆုန်​သည် သန်း​ခေါင်​တိုင်​အောင် အိပ်​ပြီး​မှ၊ သန်း​ခေါင်​အ​ချိန်၌​ထ၍ မြို့​တံ​ခါး​ရွက်​တို့​ကို၊ တံ​ခါး​တိုင် ကန့်​လန့်​ကျင်​နှင့်​တ​ကွ ယူ၍ ပ​ခုံး​ပေါ်​မှာ​တင်​လျက် ထမ်း​သွား၍၊ ဟေ​ဗြုန်​မြို့​ရှေ့၊ တောင်​ပေါ်၌​ပစ်​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ႀကီး 16:3
6 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။


သူ​တို့​အား​ပြည်​နှင်​ဒဏ်​ခံ​ရာ​မှ​လွတ် မြောက်​ရန် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ရှေ့ ဆောင်​လမ်း​ပြ​တော်​မူ​မည်။ သူ​တို့​သည်​မြို့ တံ​ခါး​များ​ကို​ချိုး​ဖောက်​၍​လွတ်​မြောက် လာ​ကြ​မည်။ သူ​တို့​၏​ဘုရင်​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သူ​တို့​ကို​ထုတ်​ဆောင်​တော် မူ​မည်။


သို့​ရာ​တွင်​ထို​အ​ရှင်​ကို​သေ​မင်း​သည်​အ​စဉ် အ​မြဲ​ချုပ်​နှောင်​ထား​ရန်​မ​ဖြစ်​နိုင်။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ့​အား​သေ​ခြင်း​၏​တန်​ခိုး မှ​လွတ်​မြောက်​စေ​၍​ရှင်​ပြန်​ထ​မြောက်​စေ​တော် မူ​၏။-


ဂါ​ဇ​မြို့​သား​တို့​သည်​ရှံ​ဆုန်​ရောက်​ရှိ​နေ​ကြောင်း ကို​ကြား​သိ​ကြ​သ​ဖြင့် ထို​အိမ်​ကို​ဝိုင်း​ရံ​ထား ပြီး​လျှင်​တစ်​ည​လုံး​မြို့​တံ​ခါး​ဝ​မှ​စောင့်​နေ ကြ​၏။ ``ငါ​တို့​သည်​သူ့​အား​မိုး​လင်း​သည်​တိုင် အောင်​စောင့်​ဆိုင်း​ပြီး​မှ​သတ်​ပစ်​မည်'' ဟု​ကြံ စည်​ကာ​ဆိတ်​ငြိမ်​စွာ​နေ​ကြ​၏။-


ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ