သူကြီး 10:9 - Myanmar Common Language Zawgyi Version9 အမ္မုန်အမျိုးသားတို့သည်ယော်ဒန်မြစ်ကို ပင်လျှင် ဖြတ်ကျော်ကာယုဒအနွယ်၊ ဗင်္ယာမိန် အနွယ်နှင့်ဧဖရိမ်အနွယ်တို့ကိုတိုက်ခိုက် ကြသဖြင့် ဣသရေလအမျိုးသားတို့မှာ အတိဒုက္ခရောက်ရကြလေသည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 အမ္မုန်အမျိုးသားတို့သည် ဂျော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်၊ ဧဖရိမ်အမျိုးအနွယ် တို့ကိုလာရောက်တိုက်ခိုက်သဖြင့် အစ္စရေးလူမျိုးတို့ အလွန်ဒုက္ခရောက်ရကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကိုကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသားတို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။