ဟေရှာယ 7:18 - Myanmar Common Language Zawgyi Version18 ``ထိုအချိန်ကျရောက်လာသောအခါထာဝရ ဘုရားသည် အီဂျစ်အမျိုးသားတို့အားယင် ကောင်များသဖွယ်နိုင်းမြစ်လက်တက်များ၏ အစွန်အဖျားမှလည်းကောင်း၊ အာရှုရိအမျိုး သားတို့အားပျားများသဖွယ်မိမိတို့ပြည် မှလည်းကောင်းလာရောက်ကြရန်လေချွန်သံ ဖြင့်အချက်ပေးတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်18 ထိုနေ့ရက်၌ ထာဝရဘုရားသည် အီဂျစ်ပြည်ရှိနိုင်းမြစ်ဖျားမှယင်ကောင်များကိုလည်းကောင်း၊ အဆီးရီးယားပြည်မှပျားများကိုလည်းကောင်း လေချွန်၍ခေါ်တော်မူမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version18 ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာရှိသော ယင်ကောင်ကိုလည်းကောင်း၊ အာရှုရိပြည်၌ရှိသော ပျားကောင်ကိုလည်းကောင်း၊ နှိုးဆော်တော်မူသဖြင့်၊ အခန်းကိုကြည့်ပါ။ |
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။