ဟေရှာယ 44:12 - Myanmar Common Language Zawgyi Version12 ပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 ပန်းပဲသမားသည် သံကို မီးညှပ်ဖြင့် မီးခဲပေါ်တင်၍ အလုပ်လုပ်၏။ သူသည် တူဖြင့်ပုံသွင်းတတ်၏။ သူ၏လက်ရုံးခွန်အားဖြင့် လုပ်ဆောင်တတ်၏။ သူသည် ဆာလောင်မွတ်သိပ်၍ ခွန်အားမရှိ။ ရေမသောက်ရသဖြင့် အားအင်ကုန်ခန်းတတ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version12 ပန်းပဲသမားသည် ပုဆိန်ကိုလုပ်ခြင်းငှာ မီးခဲ၌ဖုတ်၍၊ လက်ရုံးအားထုတ်လျက် သံတူနှင့်ထုတတ်၏။ အကယ်၍ မွတ်သိပ်သောအခါ အားလျော့တတ်၏။ ရေမသောက်ရသောအခါ မောတတ်၏။ အခန်းကိုကြည့်ပါ။ |
ရုပ်တုဆင်းတုသည်အဘယ်သို့အသုံးဝင် ပါသနည်း။ ယင်းသည်လူတို့သွန်းလုပ်သည့် အရာမျှသာဖြစ်လျက် လိမ်လည်မှုမှလွဲ ၍မည်သည့်စကားကိုမျှမပြောမဆိုတတ်။ မိမိသွန်းလုပ်သောအရာကိုပြန်လည်ယုံ ကြည်ကိုးစား၍အဘယ်အကျိုးကိုခံစား ရမည်နည်း။ ယင်းသည်စကားမပြောနိုင် သည့်ဘုရားဖြစ်ပါသည်တကား၊-