ဟေရှာယ 39:8 - Myanmar Common Language Zawgyi Version8 ဤလျှောက်ထားချက်ကိုဟေဇကိမင်းသည် မိမိ၏လက်ထက်၌ငြိမ်းချမ်းမှုနှင့်ဘေးမဲ့ လုံခြုံမှုရှိလိမ့်မည်ဟု အနက်အဋ္ဌိပ္ပါယ် ကောက်ယူလျက်``ငါ့အားသင်ဖော်ပြသည့် ထာဝရဘုရားထံမှသတင်းတော်သည် ကောင်းပေ၏'' ဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ဟေဇကိမင်းကြီးက “အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်းချမ်းလုံခြုံမည်ဆိုလျှင် ရပါပြီ”ဟု တွေး၍ ဟေရှာယအား “သင်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်သည် ကောင်းပါ၏”ဟု မိန့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကောင်းပါ၏ ဟူ၍လည်းကောင်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိရလိမ့်မည်ဟူ၍လည်းကောင်း၊ ဟေရှာယအားဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။