ဟေဗြဲ 4:16 - Myanmar Common Language Zawgyi Version16 သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 ထို့ကြောင့် ငါတို့သည် ကရုဏာတော်နှင့်ကျေးဇူးတော်တို့ကိုခံစားရလျက် သင့်လျော်သောအချိန်၌ ကူညီမစမှုကိုရရှိမည့်အကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version16 ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း၊ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။ အခန်းကိုကြည့်ပါ။ |
``သင်၏အစ်ကိုအာရုန်သည် ကန့်လန့်ကာ အတွင်းရှိအလွန်သန့်ရှင်းရာဌာနတော် ထဲသို့ သတ်မှတ်သည့်အချိန်၌သာဝင်ရမည် ဖြစ်ကြောင်းပြောကြားလော့။ အဘယ်ကြောင့် ဆိုသော် ငါသည်အလွန်သန့်ရှင်းရာဌာန တော်ရှိ ပဋိညာဉ်သေတ္တာအဖုံးအထက်မိုး တိမ်၌ထင်ရှားတော်မူမည်ဖြစ်သည်။ သူ သည်ဤပညတ်ကိုမနာခံလျှင်သေရ လိမ့်မည်။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။