ဟေဗြဲ 10:19 - Myanmar Common Language Zawgyi Version19 သို့ဖြစ်၍ငါ၏ညီအစ်ကိုတို့၊ သခင်ယေရှု အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာအလွန်သန့်ရှင်းရာဌာနတော် သို့ဝင်ခွင့်ရကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်19 ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေရှု၏သွေးတော်အားဖြင့် အလွန်သန့်ရှင်းရာဌာနထဲသို့ ယုံကြည်စိတ်ချစွာဖြင့်ဝင်ခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version19-20 ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ထံတော်မှသင်တို့ခံယူရရှိ သည့်ဝိညာဉ်တော်သည် သင်တို့အားကျွန်ဖြစ် စေသည်မဟုတ်။ ကြောက်စိတ်ကိုလည်းရှိစေ သည်မဟုတ်။ ဝိညာဉ်တော်သည်ငါတို့အား ဘုရားသခင်၏သားသမီးများဖြစ်စေ တော်မူသဖြင့် ငါတို့သည်ဝိညာဉ်တော်၏ တန်ခိုးဖြင့်ဘုရားသခင်အား``အဗ္ဗ၊ အဖ'' ဟု ခေါ်ကြ၏။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။