ကမ္ဘာဦး 37:14 - Myanmar Common Language Zawgyi Version14 သူ၏ဖခင်က``အစ်ကိုများနှင့်သိုးဆိတ်များ ဘေးကင်းလုံခြုံစွာရှိသည်မရှိသည်ကို သင် သွား၍စုံစမ်းပြီးလျှင်ငါ့အားပြန်ပြောပါ လော့'' ဟုစေခိုင်းလေ၏။ ထိုနောက်ယောသပ် သည်ဖခင်လမ်းညွှန်သည့်အတိုင်း ဟေဗြုန် ချိုင့်ဝှမ်းလမ်းမှသွား၍ရှေခင်မြို့သို့ရောက် ရှိလာ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီးလျှင် သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 အဘကသွားပါ၊ အစ်ကိုတို့သည် ချမ်းသာသလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလောဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှစေလွှတ်သဖြင့်၊ သူသည် ရှေခင်မြို့သို့ရောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ပထမဦးစွာသူတို့သည်ပြည်၏တောင်ပိုင်း သို့ဝင်ရောက်၍ ကိုယ်ခန္ဓာအလွန်ထွားကျိုင်း သည့်အာနကအမျိုးသားတို့၏အဆက် အနွယ်များဖြစ်သောအဟိမန်သားချင်းစု၊ ရှေရှဲသားချင်းစုနှင့်တာလမဲသားချင်းစု တို့နေထိုင်ရာဟေဗြုန်မြို့သို့ရောက်ရှိကြ သည်။ (ဟေဗြုန်မြို့သည်အီဂျစ်ပြည်ရှိဇောန မြို့မတည်မီခုနစ်နှစ်အထက်ကတည်ခဲ့ သောမြို့ဖြစ်သတည်း။-)