ကမ္ဘာဦး 35:4 - Myanmar Common Language Zawgyi Version4 ထို့ကြောင့်သူတို့တွင်ရှိသမျှသောအခြား ဘုရားများကိုလည်းကောင်း၊ သူတို့တွင်ဆင် ယင်ထားသောနားကပ်များကိုလည်းကောင်း ယာကုပ်ထံပေးအပ်ကြ၏။ ယာကုပ်သည်ထို ပစ္စည်းများကိုရှေခင်မြို့အနီးဝက်သစ်ချ ပင်ရင်း၌မြှုပ်ထားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 ထိုအခါ သူတို့သည် မိမိတို့လက်ထဲ၌ရှိသော တိုင်းတစ်ပါးသားတို့၏ဘုရားရှိသမျှကိုလည်းကောင်း၊ မိမိတို့နား၌ပန်ထားသော နားကွင်းများကိုလည်းကောင်း ယာကုပ်အားပေးကြ၏။ ယာကုပ်သည်လည်း ၎င်းတို့ကို ရှေခင်မြို့အနီးရှိ သပိတ်ပင်အောက်၌မြှုပ်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version4 သူတို့သည်လည်း၊ မိမိတို့၌ပါသောတစ်ပါးအမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သောနားပန်တန်ဆာရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင်ရှိသော သပိတ်ပင်အောက်၌ မြှုပ်ထားလေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့၏ရုပ်တုများကိုမီးရှို့ပစ်လော့။ ထိုရုပ်တု များတွင်မွမ်းမံထားသောရွှေငွေကိုတပ်မက်၍ သင်တို့အဖို့မယူကြနှင့်။ ထာဝရဘုရားသည် ရုပ်တုကိုးကွယ်ခြင်းကိုရွံရှာမုန်းတီးတော်မူ သဖြင့် ရုပ်တုများမှရွှေငွေကိုယူမိလျှင်သင် တို့အတွက်ကျော့ကွင်းသဖွယ်ဖြစ်လိမ့်မည်။-