ကမ္ဘာဦး 31:41 - Myanmar Common Language Zawgyi Version41 သင်နှင့်နှစ်ပေါင်းနှစ်ဆယ်ထိုဒုက္ခကိုခံခဲ့ရပြီ။ သင်၏သမီးနှစ်ယောက်အတွက်တစ်ဆယ့်လေးနှစ် အလုပ်လုပ်ပေးခဲ့ပါသည်။ ထိုနောက်ခြောက်နှစ် မျှသင်၏တိရစ္ဆာန်တို့ကိုထိန်းကျောင်းခဲ့ရပါ သည်။ ထိုကဲ့သို့ဆောင်ရွက်ပေးသည့်တိုင်အောင် သင်သည်ကျွန်ုပ်၏အခကိုဆယ်ကြိမ်မျှပြောင်း လဲခဲ့ပါသည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်41 အကျွန်ုပ်သည် ဦးရီး၏အိမ်၌ အနှစ်နှစ်ဆယ်နေ၍ ဦးရီး၏သမီးနှစ်ယောက်အတွက် တစ်ဆယ့်လေးနှစ်၊ ဦးရီး၏သိုးဆိတ်တို့အတွက် ခြောက်နှစ် အစေခံခဲ့ပါသည်။ ဦးရီးသည် အကျွန်ုပ်၏လုပ်အားခကို ဆယ်ကြိမ်ပြောင်းလဲခဲ့ပါသည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version41 ထိုသို့၊ ကျွန်ုပ်သည်အနှစ်နှစ်ဆယ်ပတ်လုံး သင်၏အိမ်၌နေ၍၊ သင်၏သမီးနှစ်ယောက်အတွက်ကြောင့် ဆယ်လေးနှစ်၊ သိုးဆိတ်တို့အတွက်ကြောင့် ခြောက်နှစ်အစေခံရပြီ။ သို့ရာတွင်သင်သည်၊ ကျွန်ုပ်အခကို ဆယ်ကြိမ်လဲပြီတကား။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။-
ငါသည်ခရီးအကြိမ်ကြိမ်ပြုရာတွင်မြစ် ရေလျှံသည့်ဘေး၊ ဓားပြများ၏ဘေး၊ ငါ့ လူမျိုးများဖြစ်သောယုဒပြည်သူတို့၏ ဘေး၊ လူမျိုးခြားတို့၏ဘေး၊ မြို့ကြီးများ တွင်တွေ့ရတတ်သည့်ဘေး၊ တောကျေးလက် ၌ဆိုက်ရောက်တတ်သည့်ဘေး၊ ပင်လယ်ဘေး၊ မိတ်ဆွေအတုအယောင်တို့၏ဘေးများ နှင့်ကြုံတွေ့ခဲ့ရ၏။-