ကမ္ဘာဦး 29:3 - Myanmar Common Language Zawgyi Version3 သိုးစုများရေတွင်းအနားသို့ရောက်ရှိလာကြ သောအခါမှသာ သိုးထိန်းတို့သည်ထိုကျောက် တုံးကိုရွှေ့၍သိုးများကိုရေတိုက်လေ့ရှိကြ၏။ ထိုနောက်သူတို့သည် ကျောက်တုံးကိုရေတွင်းဝ ပေါ်သို့ပြန်တင်ထားလေ့ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 သိုးအုပ်အားလုံးကို ထိုရေတွင်း၌စုဝေးစေပြီးမှ သိုးထိန်းတို့သည် တွင်းဝမှကျောက်တုံးကိုလှိမ့်ဖယ်၍ သိုးတို့ကိုရေတိုက်ပြီးလျှင် ကျောက်တုံးကို သူ့နေရာ တွင်းဝ၌ပြန်ထားလေ့ရှိကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌စုဝေးသောအခါ၊ ရေတွင်းဝ၌ ဖုံးအုပ်သောကျောက်ကို လှိမ့်လှန်၍၊ သိုးများကိုရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တစ်ဖန်တင်ထားလေ့ရှိ၏။ အခန်းကိုကြည့်ပါ။ |
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။