ကမ္ဘာဦး 15:9 - Myanmar Common Language Zawgyi Version9 ကိုယ်တော်က``သုံးနှစ်သားအရွယ်စီရှိသောနွားမ တစ်ကောင်၊ ဆိတ်မတစ်ကောင်၊ သိုးထီးတစ်ကောင် နှင့်တကွ ချိုးတစ်ကောင်၊ ခိုတစ်ကောင်ကိုငါ့ထံ သို့ယူခဲ့လော့'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ကိုယ်တော်ကလည်း “သုံးနှစ်သားနွားမတမ်းတစ်ကောင်၊ သုံးနှစ်သားဆိတ်မတစ်ကောင်၊ သုံးနှစ်သားသိုးထီးတစ်ကောင်၊ ချိုးငှက်တစ်ကောင်နှင့် ခိုငယ်တစ်ကောင်တို့ကို ငါ့ထံသို့ ယူခဲ့လော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသောနွားမတစ်ကောင်၊ သုံးနှစ်အသက်ရှိသောဆိတ်မတစ်ကောင်၊ သုံးနှစ်အသက်ရှိသောသိုးထီးတစ်ကောင်၊ ချိုးတစ်ကောင်၊ ခိုသငယ်တစ်ကောင်တို့ကိုငါဖို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
မိခင်သည်သားကိုဖွားမြင်သည်ဖြစ်စေ၊ သမီးကို ဖွားမြင်သည်ဖြစ်စေသွေးမသန့်သည့်ကာလပြီး ဆုံးသောအခါ မီးရှို့ရာယဇ်ပူဇော်ရန်တစ်နှစ်သား သိုးကလေးကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ပူ ဇော်ရန် ချိုးသို့မဟုတ်ခိုတစ်ကောင်ကိုလည်းကောင်း ထာဝရဘုရားစံတော်မူရာတဲတော်တံခါးဝ သို့ယူဆောင်ခဲ့၍ယဇ်ပုရောဟိတ်ထံအပ်ရမည်။-
မိခင်သည်သိုးကလေးကိုမပူဇော်နိုင်လျှင် ချိုး နှစ်ကောင်သို့မဟုတ်ခိုနှစ်ကောင်ကိုယူခဲ့ရမည်။ တစ်ကောင်သည်မီးရှို့ရာယဇ်အတွက်ဖြစ်၍ အ ခြားတစ်ကောင်သည်အပြစ်ဖြေရာယဇ်အတွက် ဖြစ်သည်။ ယဇ်ပုရောဟိတ်သည်မိခင်အတွက် သန့်ရှင်းစေခြင်းဝတ်ကိုဆောင်ရွက်သဖြင့် မိခင် သည်ဘာသာရေးထုံးနည်းအရသန့်ရှင်းလာ လိမ့်မည်။-