ကမ္ဘာဦး 14:14 - Myanmar Common Language Zawgyi Version14 သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်14 အာဗြံသည် မိမိဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ကြားသောအခါ မိမိအိမ်၌မွေးဖွားသောသူဖြစ်ကြသည့် မိမိလေ့ကျင့်ထားသောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်ကိုခေါ်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version14 အာဗြံသည် မိမိအစ်ကိုသားကို ဖမ်းသွားကြောင်းကိုကြားလျှင်၊ မိမိအိမ်၌ဖွား၍ သွန်သင်သောလူသုံးရာတစ်ဆယ်ရှစ်ယောက်တို့ကိုစီရင်၍၊ ဒန်မြို့ တိုင်အောင်လိုက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဗင်္ဟာဒဒ်မင်းသည် အာသအကြံပေးသည့်အတိုင်း ဆောင်ရွက်ရန်သဘောတူသဖြင့် မိမိ၏တပ်မှူး များနှင့်စစ်သည်တော်တို့ကိုစေလွှတ်၍ဣသရေလ မြို့များကိုတိုက်ခိုက်စေတော်မူ၏။ သူတို့သည် နဿလိနယ်မြေတစ်ခုလုံးအပြင်ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့နှင့်ဂင်္နေသရက် နယ်တို့ကိုသိမ်းဆည်းကြ၏။-
မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-