ကမ္ဘာဦး 11:9 - Myanmar Common Language Zawgyi Version9 ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်9 ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version9 သို့ဖြစ်၍ ထိုမြို့၌ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသောကြောင့်၊ ထိုမြို့သည် ဗာဗုလုန်မြို့ဟူ၍တွင်သတည်း။ အခန်းကိုကြည့်ပါ။ |
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။