ဧဇရမှတ်စာ 8:36 - Myanmar Common Language Zawgyi Version36 လူတို့သည်မိမိတို့အားမင်းကြီးပေးအပ် လိုက်သည့်အမိန့်တော်စာကို ဥဖရတ်မြစ်ကြီး အနောက်ဘက်ပြည်နယ် ဘုရင်ခံများနှင့် အရာရှိများအားပေးအပ်ကြသောအခါ သူတို့သည်ပြည်သူများနှင့်ဗိမာန်တော် ဝတ်ပြုကိုးကွယ်မှုကိုအားပေးကူညီကြ ကုန်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်36 ရှင်ဘုရင်၏အမိန့်စာကိုလည်း ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းရှိ ဘုရင်ခံနှင့် အုပ်ချုပ်ရေးအရာရှိများထံ ပေးလိုက်ရာ သူတို့ကလည်း ဘုရားသခင်၏အိမ်တော်နှင့် လူမျိုးတော်ကို ကူညီပံ့ပိုးပေးကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version36 ရှင်ဘုရင်အမိန့်တော် အမှာတော်တို့ကို ကိုယ်စားတော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။ အခန်းကိုကြည့်ပါ။ |
ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
သူသည်အခါယပြည်သို့သွားလိုသဖြင့် ဧဖက် မြို့ရှိညီအစ်ကိုများသည်သူ၏အတွက် အခါ ယပြည်ရှိတပည့်တော်တို့ထံသို့မိတ်ဆက် စာရေးခြင်းအားဖြင့်ကူညီကြ၏။ သူသည် အခါယပြည်သို့ရောက်သောအခါ ဘုရား သခင်၏ကျေးဇူးတော်အားဖြင့်ယုံကြည် လာသူများအားများစွာအကူအညီ ပေး၏။-