ဧဇရမှတ်စာ 8:33 - Myanmar Common Language Zawgyi Version33 ထိုနောက်စတုတ္ထနေ့၌ဗိမာန်တော်သို့သွား၍ ရွှေငွေနှင့်အသုံးအဆောင်များကိုချိန်တွယ် ကာ ဥရိယ၏သားယဇ်ပုရောဟိတ်မေရမုတ် လက်သို့ပေးအပ်ကြ၏။ သူနှင့်အတူဖိနဟတ် ၏သား ဧလာဇာနှင့်လေဝိအနွယ်ဝင်နှစ်ဦး ဖြစ်ကြသော ယောရှု၏သားယောဇဗဒ်နှင့် ဗိနွိ၏သားနောဒိတို့လည်းရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်33 စတုတ္ထနေ့တွင် ထာဝရဘုရား၏အိမ်တော်၌ ရွှေငွေနှင့် အသုံးအဆောင်များကို ချိန်တွယ်ပြီး ယဇ်ပုရောဟိတ်ဥရိယ၏သား မေရမုတ်လက်သို့ ပေးအပ်လိုက်၏။ ထိုနေရာတွင် ဖိနဟတ်၏သားဧလာဇာ၊ လေဝိအမျိုးယေရွှာ၏သား ယောဇဗဒ်နှင့် ဗိနွိ၏သား နောဒိတို့လည်း ရှိကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version33 စတုတ္ထနေ့တွင် ငါတို့ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ဗိမာန်တော်သို့မရောက်မချင်း ထိုပစ္စည်းများကိုစောင့်ထိန်းလျက် ဗိမာန်တော် ရှိယဇ်ပုရောဟိတ်တို့၏အခန်းများတွင် ချိန်တွယ်၍ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ လေဝိအနွယ်ဝင်ခေါင်းဆောင်များ၊ ယေရုရှလင် မြို့ရှိဣသရေလပြည်သူတို့၏ခေါင်းဆောင် များလက်သို့ပေးအပ်ကြလော့'' ဟုမှာ ထား၏။-