ဧဇရမှတ်စာ 7:1 - Myanmar Common Language Zawgyi Version1 နှစ်ပေါင်းများစွာကြာသောအခါ ပေရသိ ဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ ဧဇရနာမည်ရှိသူလူတစ်ယောက်ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်မင်းအာရုန်မှဆင်းသက် လာကြောင်း အောက်ပါအတိုင်းသိနိုင်ပေသည်။ ဧဇရ၏အဖသည်စရာယ၊ စရာယ၏ အဖမှာအာဇရိ၊ အာဇရိ၏အဖကား ဟိလခိဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ထိုသို့ဖြစ်ပျက်ပြီးနောက် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီး စိုးစံသောအချိန်တွင် ဧဇရသည် ဘေဘီလုံမြို့မှ ပြန်လာ၏။ ဧဇရကား စရာယ၏သား၊ စရာယသည် အာဇရိ၏သား၊ အာဇရိသည် ဟိလခိ၏သား၊ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version1-5 ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ်လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီး အာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ ဩဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာဇရိ၊ အာမရိ၊ အဟိတုတ်၊ ဇာဒုတ်၊ ရှလ္လုံ၊ ဟိလခိ၊ အာဇရိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ အခန်းကိုကြည့်ပါ။ |
(ဧဖရိမ်၊ မနာရှေနှင့်အခြားမြောက်ဘက် နိုင်ငံသားများထံမှလည်းကောင်း၊ ယုဒ နိုင်ငံသားများ၊ ဗင်္ယာမိန်အနွယ်ဝင်များ နှင့်ယေရုရှလင်မြို့သူမြို့သားများထံမှ လည်းကောင်း) ဗိမာန်တော်တွင်လေဝိအနွယ် ဝင်တံခါးစောင့်များကောက်ခံရရှိသော ငွေကိုယဇ်ပုရောဟိတ်မင်းဟိလခိအား ပေးအပ်ကြ၏။-
ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့ ၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှု ကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြ လေသည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိ ဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့် အာတဇေရဇ်မင်းတို့၏အမိန့်တော်များ အရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက် ကြရာ၊-
သတ္တမလရောက်ချိန်၌ဣသရေလအမျိုး သားတို့သည် မိမိတို့မြို့ရွာများတွင်အတည် တကျနေထိုင်လျက်ရှိကြ၏။ ထိုလပထမ ရက်နေ့၌သူတို့သည်ယေရုရှလင်မြို့ရေ တံခါးအတွင်းကွက်လပ်တွင်စုဝေးကြ၏။ သူတို့သည်ဣသရေလအမျိုးသားတို့အား မောရှေမှတစ်ဆင့် ထာဝရဘုရားပေးအပ် တော်မူခဲ့သောပညတ်တရားတော်ကို ကျွမ်းကျင်သူ ယဇ်ပုရောဟိတ်ဧဇရအား ပညတ်ကျမ်းကိုဆောင်ခဲ့ရန်တောင်းပန် ကြ၏။-