ဧဇရမှတ်စာ 6:8 - Myanmar Common Language Zawgyi Version8 ပြန်လည်တည်ဆောက်မှုတွင်သူတို့ကိုကူညီ ကြရန် ယခုသင်တို့အားငါအမိန့်တော်ရှိ သည်။ တည်ဆောက်မှုအဆက်မပြတ်စေရန် ကုန်ကျစရိတ်များကိုဥဖရတ်မြစ်အနောက် ဘက်ဒေသမှ ကောက်ခံရရှိသောအခွန်ငွေ များဖြစ်သည့်ဘုရင်၏ဘဏ္ဍာတော်မှမဆိုင်း မတွထုတ်ပေးကြလော့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်8 ဘုရားသခင်၏အိမ်တော် ပြန်လည်တည်ဆောက်ခြင်းအမှု၌ ဂျူးသက်ကြီးဝါကြီးတို့အား သင်တို့လုပ်ဆောင်ပေးရမည့်အရာနှင့်ပတ်သက်၍ ငါထုတ်ပြန်လိုက်သည်မှာ တည်ဆောက်ခြင်းအမှု ရပ်ဆိုင်းမသွားစေရန် ကုန်ကျစရိတ်ကို ယူဖရေးတီးမြစ်အနောက်ဘက်ကမ်းမှရသော ဘုရင့်အခွန်ဘဏ္ဍာထဲမှ သူတို့အား အလျင်မီထုတ်ပေးရမည်။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version8 ထိုမှတစ်ပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော်တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီရမည်အကြောင်း၊ သူတို့သည် အဆီးအတား မရှိစေခြင်းငှာ၊ မြစ်အနောက်ဘက်၌ ခံသော အခွန်တော်တည်းဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက်ချင်း ထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်သည်ယုဒခေါင်း ဆောင်များအားစောင့်ထိန်းကြည့်ရှုလျက် နေတော်မူသဖြင့် ပေရသိအရာရှိတို့ သည်ဒါရိမင်းထံသို့စာရေးအကြောင်း ကြားရန်နှင့် ထိုမင်းထံမှအမိန့်တစ်စုံ တစ်ရာပြန်လည်မရမချင်းမည်သို့မျှ အရေးယူဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ကြ၏။-
ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့ ၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှု ကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြ လေသည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိ ဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့် အာတဇေရဇ်မင်းတို့၏အမိန့်တော်များ အရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက် ကြရာ၊-
ကောင်းကင်ဘုံရှင်ဘုရားသခင်နှစ်သက်လက် ခံတော်မူသည့်ယဇ်များကိုပူဇော်၍ ငါနှင့် ငါ၏သားများအတွက်ကိုယ်တော်၏ကောင်း ချီးမင်္ဂလာကိုတောင်းခံပေးကြရန် ယေရု ရှလင်မြို့ရှိယဇ်ပုရောဟိတ်များက မီးရှို့ ရာပူဇော်သကာများအဖြစ်ကောင်းကင်ဘုံ ရှင်ဘုရားသခင်အားဆက်သရန် လိုအပ် သမျှသောနွားသငယ်၊ သိုး၊ သိုးသငယ်၊ ဂျုံ စပါး၊ ဆား၊ စပျစ်ရည်၊ သံလွင်ဆီကိုနေ့စဉ် နေ့တိုင်းမပျက်မကွက်ပေးကြလော့။-
ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
ငါ၏အင်ပါယာနိုင်ငံတစ်လျှောက်လုံး ရှိလူအပေါင်းတို့၊ သင်တို့သည်ဒံယေလ ကိုးကွယ်သောဘုရားသခင်အားကြောက် ရွံ့ရိုသေကြရမည်ဖြစ်ကြောင်းငါ အမိန့်တော်ရှိသည်။ ကိုယ်တော်သည်အသက်ရှင်တော်မူသော ဘုရားဖြစ်တော်မူ၍၊ ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်။ ကိုယ်တော်၏နိုင်ငံတော်သည်အဘယ်အခါ ၌မျှ ပျက်စီးရလိမ့်မည်မဟုတ်။ ကိုယ်တော်၏တန်ခိုးတော်သည်လည်း အဘယ်အခါ၌မျှကုန်ဆုံးလိမ့်မည် မဟုတ်။