ဧဇရမှတ်စာ 5:17 - Myanmar Common Language Zawgyi Version
17 ``ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည် တည်ဆောက်စေရန် ကုရုမင်းအမိန့်တော်ရှိ မရှိသိနိုင်ရန် အရှင်မင်းကြီးအလိုရှိ တော်မူပါလျှင် နန်းတွင်းမှတ်တမ်းများတွင် ယခုရှာဖွေ၍ကြည့်စေတော်မူပါ။ ထိုနောက် ဤအမှုကိုအရှင်အဘယ်သို့ပြုစေတော် မူလိုသည်ကို အကျွန်ုပ်တို့အားအမိန့်ရှိ တော်မူပါ'' ဟုဖော်ပြပါရှိလေသည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
17 သို့ဖြစ်၍ အရှင်မင်းကြီးအလိုရှိလျှင် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်ကိုပြန်လည်တည်ဆောက်ရန် ကုရုမင်းကြီးအမိန့်ထုတ်ပြန်ခဲ့ခြင်းရှိမရှိကို ဘေဘီလုံမြို့ရှိရှင်ဘုရင်၏ဘဏ္ဍာတိုက်ထဲ၌ ရှာဖွေစစ်ဆေးပါ။ ပြီးလျှင် ဤကိစ္စနှင့်ပတ်သက်၍ အရှင်မင်းကြီး၏သဘောထားကိုလည်း သိလိုသည်ဖြစ်၍ အကျွန်ုပ်တို့အား အကြောင်းပြန်ပေးစေလိုပါ၏”ဟု ပါရှိ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
17 သို့ဖြစ်၍၊ ယေရုရှလင်မြို့၌ ဘုရား၏အိမ်တော်ကို တည်ရမည်အကြောင်း၊ ကုရုမင်းကြီးအမိန့်တော် ရှိသည် မရှိသည်ကို သိလိုသဖြင့်၊ ဗာဗုလုန်မြို့ ဘဏ္ဍာတော်တိုက်၌ ရှာဖွေစေခြင်းငှာ၊ အလိုတော်ရှိလျှင် ရှာဖွေစေတော်မူပါ။ နောက်တစ်ဖန် ဤအမှု၌ အလိုတော်ရှိသည်အတိုင်း ကျွန်တော်တို့ဆီသို့ အမိန့်တော်စာကို ပေးလိုက်တော်မူပါဟု လျှောက်စာ၌ ပါသတည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ