Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 2:69 - Myanmar Common Language Zawgyi Version

69 ဤ​တည်​ဆောက်​မှု​ဖြစ်​မြောက်​ရေး​အ​တွက် သူ တို့​သည်​တတ်​နိုင်​သ​မျှ​အ​တိုင်း ရွှေ​တစ်​ထောင့် သုံး​ဆယ်​ပေါင်၊ ငွေ​ငါး​ထောင်​ခု​နစ်​ရာ​လေး ဆယ်​ပေါင်​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ဝတ်​စုံ​တစ်​ရာ​တို့​ကို​လှူ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

69 ထိုသို့ သူ​တို့​တတ်နိုင်​သလောက်​ပေးလှူ​ကြ​ရာ​တွင် ရွှေ​ဒင်္ဂါးပြား​ခြောက်သောင်း​တစ်ထောင်​၊ ငွေ​မိနာ့​ငါး​ထောင်​နှင့် ယဇ်ပုရောဟိတ်​ဝတ်စုံ အစုံ​တစ်ရာ​တို့​ကို ဘဏ္ဍာတိုက်​ထဲသို့ ထည့်သွင်းလှူဒါန်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

69 တတ်​နိုင်​သ​မျှ​အ​တိုင်း အ​လို​လို​လှူ၍၊ ရွှေ​ဒင်္ဂါး ခြောက်​သောင်း​တစ်​ထောင်၊ ငွေ​အ​ခွက် ငါး​သောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဝတ် အ​စုံ​တစ်​ရာ​ကို ဘ​ဏ္ဍာ​တော်​ထဲ​သို့ သွင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 2:69
7 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​အ​တွက်​လုပ်​ကိုင်​ရန် ရှိ​သ​မျှ​သော အ​လုပ်​တို့​ကို​လက်​စ​သတ်​ပြီး​နောက် ရှော​လ​မုန် မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ခ​မည်း​တော် ဒါ​ဝိဒ်​ဆက်​ကပ်​ပူ​ဇော်​ထား​ခဲ့​သည့် ရွှေ၊ ငွေ၊ နှင့် အ​ခြား​ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​ပစ္စည်း​သို လှောင်​ရာ​အ​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား တော်​မူ​၏။-


ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​အ​တွက် ရွှေ​တန်​ချိန်​လေး​ထောင်​ခန့်​ကို​လည်း​ကောင်း၊ ငွေ​တန်​ချိန်​လေး​သောင်း​နီး​ပါး​မျှ​ကို​လည်း ကောင်း​ကြိုး​စား​၍​စု​ဆောင်း​ထား​ခဲ့​၏။ ထို​မှ တစ်​ပါး​လည်း​အ​ချိန်​မ​ရေ​မ​တွက်​နိုင်​အောင် များ​ပြား​သော​ကြေး​ဝါ​နှင့်​သံ​များ​လည်း ငါ့​မှာ​ရှိ​၏။ သစ်​များ၊ ကျောက်​များ​လည်း အ​ဆင်​သင့်​ရှိ​၏။ သို့​ရာ​တွင်​သင်​သည် ထပ်​မံ​၍​စု​ဆောင်း​ရ​လိမ့်​ဦး​မည်။-


သူ​တို့​သည်​ရွှေ​တန်​ချိန်​တစ်​ရာ့​ကိုး​ဆယ်၊ ငွေ တန်​ချိန်​သုံး​ရာ့​ရှစ်​ဆယ်၊ ကြေး​ဝါ​တန်​ချိန် ခြောက်​ရာ​ခု​နစ်​ဆယ့်​ငါး​နှင့်​သံ​တန်​ချိန်​သုံး ထောင်​ခု​နစ်​ရာ့​ငါး​ဆယ်​ကို​ပေး​လှူ​ကြ​လေ သည်။-


ပြည်​နှင်​ဒဏ်​သင့်​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့ ရှိ​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​သို့​ရောက် ရှိ​ကြ​သော​အ​ခါ သား​ချင်း​စု​ခေါင်း​ဆောင် အ​ချို့​တို့​သည် နေ​ရာ​ဟောင်း​တွင်​ဗိ​မာန်​တော် ပြန်​လည်​တည်​ဆောက်​ရန်​အ​တွက် မိ​မိ​တို့ စေ​တ​နာ​အ​လျောက်​ပေး​လှူ​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ