Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဧဇရမွတ္စာ 2:2 - Myanmar Common Language Zawgyi Version

2 သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ​နှင့်​ဗာ​နာ​တို့ ဖြစ်​ကြ​၏။ ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​သား ချင်း​စု​အ​လိုက် လူ​ဦး​ရေ​စာ​ရင်း​မှာ​အောက် ပါ​အ​တိုင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ စရာယ​၊ ရေလာယ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပါ​၊ ဗိဂဝဲ​၊ ရေဟုံ​၊ ဗာနာ​တို့​နှင့်အတူ​လိုက်ပါ​လာ​သော အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

2 ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော လူ​စု​ထဲ​က​ထွက်၍ ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ သ​ရာ​ယ၊ ရေ​လာ​ယ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပါ၊ ဗိ​ဂ​ဝဲ၊ ရေ​ဟုံ၊ ဗာ​နာ​တို့​နှင့် အ​တူ​လိုက်​လာ၍၊ ယေ​ရု​ရှ​လင်​မြို့ အ​စ​ရှိ​သော ယု​ဒ​ပြည်၌ အ​သီး​အ​သီး​ဆိုင်​သော မြို့​ရွာ​သို့​ရောက်​သော နိုင်​ငံ​သား ဣ​သ​ရေ​လ​လူ စာ​ရင်း​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧဇရမွတ္စာ 2:2
24 ပူးပေါင်းရင်းမြစ်များ  

ရှေ​ရှ​ဗာ​ဇာ​သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​များ နှင့်​အ​တူ ဗာ​ဗု​လုန်​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​ပြန်​သော​အ​ခါ ရွှေ​ဖ​လား၊ ငွေ​ဖ​လား​နှင့် အ​ခြား​ပစ္စည်း​အ​သုံး​အ​ဆောင်​အ​ရေ​အ​တွက် စု​စု​ပေါင်း​ငါး​ထောင့်​လေး​ရာ​တို့​ကို​ယူ ဆောင်​ခဲ့​၏။


မင်း​ကြီး​သည်​ထို​ဖ​လား​တို့​ကို​ရွှေ​တိုက်​စိုး မိ​သ​ရေ​ဒတ်​သို့​ပေး​အပ်​၍ မိ​သ​ရေ​ဒတ် သည်​ယင်း​တို့​ကို​ယု​ဒ​ဘု​ရင်​ခံ​ရှေ​ရှ​ဗာ​ဇာ သို့၊-


ပြည်​နှင်​ဒဏ်​သင့်​သူ​များ​သည်​ယေ​ရု​ရှ​လင် မြို့​သို့​လည်း​ကောင်း၊ ယု​ဒ​ပြည်​ဇာ​တိ​မြို့​ရွာ များ​သို့​လည်း​ကောင်း ပြန်​ရန်​ဗာ​ဗု​လုန်​ပြည်​မှ ထွက်​ခွာ​လာ​ကြ​၏။ သူ​တို့​အိမ်​ထောင်​စု​များ သည်​မိ​မိ​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ် နေ​ဗု​ခဒ် နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​လာ​စဉ်​အ​ခါ မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ခဲ့ ကြ​၏။-


ပါ​ရုတ်​သား​ချင်း​မှ ၂၁၇၂ ရှေ​ဖ​တိ​သား​ချင်း​စု​မှ ၃၇၂ အာ​ရာ​သား​ချင်း​စု​မှ ၇၇၅ ပါ​ဟတ်​မော​ဘ​သား​ချင်း​စု (ယော​ရှု​နှင့်​ယွာ​ဘတို့​၏​မြေး​များ) ၂၈၁၂ ဧ​လံ​သား​ချင်း​စု​မှ ၁၂၅၄ ဇတ္တု​သား​ချင်း​စု​မှ ၉၄၅ ဇက္ခဲ​သား​ချင်း​စု​မှ ၇၆၀ ဗာ​နိ​သား​ချင်း​စု​မှ ၆၄၂ ဗေ​ဗဲ​သား​ချင်း​စု​မှ ၆၂၃ အာ​ဇ​ဂဒ်​သား​ချင်း​စု​မှ ၁၂၂၂ အ​ဒေါ​နိ​ကံ​သား​ချင်း​စု​မှ ၆၆၆ ဗိ​ဂ​ဝဲ​သား​ချင်း​စု​မှ ၂၀၅၆ အာ​ဒိန်​သား​ချင်း​စု​မှ ၄၅၄ အာ​တာ​ဟု​လည်း​ကောင်း​နာ​မည်​တွင်​သည့် ဟ​ဇ​ကိ​သား​ချင်း​စု​မှ ၉၈ ဗေ​ဇဲ​သား​ချင်း​စု​မှ ၃၂၃ ယော​ရ​သား​ချင်း​စု​မှ ၁၁၂ ဟာ​ရှုံ​သား​ချင်း​စု​မှ ၂၂၃ ဂိဗ္ဗာ​သား​ချင်း​စု​မှ ၉၅


ယော​ဇ​ဒက်​၏​သား​ယော​ရှု​နှင့်​အ​ဖော်​ယဇ်​ပု​ရော ဟိတ်​များ၊ ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့်​တ​ကွ သူ​၏​ဆွေ​မျိုး​သား​ချင်း​များ​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​စီ​ရင်​သည့် ပ​ညတ်​ကျမ်း​တွင်​ပါ​ရှိ​သော​ညွှန်​ကြား​ချက် များ​အ​တိုင်း ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​နိုင် ရန်​ယဇ်​ပလ္လင်​ကို​တည်​ဆောက်​ကြ​၏။-


ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု​နှင့်​သား​ချင်း​စု​ဦး​စီး များ​က သူ​တို့​အား``ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော် တည်​ဆောက်​ရာ​တွင် သင်​တို့​၏​အ​ကူ​အ​ညီ​ကို မ​လို​ပါ။ ပေ​ရ​သိ​ဘု​ရင်​ကု​ရု​၏​အ​မိန့်​တော် အ​ရ ထို​ဗိ​မာန်​တော်​ကို​ငါ​တို့​ကိုယ်​တိုင်​တည် ဆောက်​ကြ​ပါ​မည်'' ဟု​ပြန်​ပြော​ကြ​၏။


ထို့​ပြင်​ယေ​ရု​ရှ​လင်​မြို့​အ​ကြောင်း​နှင့်​ပတ်​သက် ၍ ဘု​ရင်​ခံ​ရေ​ဟုံ​နှင့်​အ​တွင်း​ဝန်​ရှိ​မ​ရှဲ​တို့​က အာ​တ​ဇေ​ရဇ်​မင်း​ထံ​သို့​အောက်​ဖော်​ပြ​ပါ စာ​ကို​ရေး​သား​ပေး​ပို့​ကြ​လေ​သည်။


ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ​နှင့် ယော​ဇ​ဒက်​၏​သား​ယော​ရှု​တို့​သည် ထို​ဗျာ ဒိတ်​စ​ကား​များ​ကို​ကြား​သော​အ​ခါ ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​ကို​ပြန်​လည် စ​တင်​တည်​ဆောက်​ကြ​လေ​သည်။ ပ​ရော ဖက်​နှစ်​ပါး​တို့​သည်​သူ​တို့​အား​ဝိုင်း​ဝန်း ကူ​ညီ​ကြ​၏။-


အာ​တ​ဇေ​ရဇ်​ဧ​က​ရာဇ်​မင်း​လက်​ထက်​၌​ဗာ​ဗု လုန်​မြို့​တွင် ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လာ​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင် များ​၏​အ​မည်​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း ဖြစ်​၏။


ဇေ​ရု​ဗ​ဗေ​လ​၏​လက်​ထက်​နှင့်​နေ​ဟ​မိ​၏​လက် ထက်​၌​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့် အ​စောင့်​တပ်​သား​တို့​အ​တွက် ရိက္ခာ​များ​ကို​နေ့ စဉ်​နေ့​တိုင်း​ထောက်​ပံ့​လှူ​ဒါန်း​ကြ​လေ​သည်။ ပြည် သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​ရှင်း သည့်​အ​ရာ​တို့​ကို​လှူ​ဒါန်း​ကြ​၏။ လေ​ဝိ​အ​နွယ် ဝင်​များ​က​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား​သင့် ရာ​အ​ချိုး​ကို​တစ်​ဆင့်​လှူ​ဒါန်း​ကြ​၏။


သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​သည်။


ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။-


ထို​အ​ခါ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏ သား​ယော​ရှု​နှင့်​ကျန်​ကြွင်း​သော​ပြည်​သူ အ​ပေါင်း​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​စေ​ခိုင်း​တော်​မူ​သည့် အ​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည်​ကြောက် လန့်​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​စေ​လွှတ် တော်​မူ​သော​တ​မန်​တော်​ပ​ရော​ဖက်​ဟ္ဂဲ ပြော​ဆို​သည့်​စ​ကား​ကို​နား​ထောင်​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​ဘု​ရင်​ခံ​ရှာ​လ လေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့် ပြည် နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​အ​ပေါင်း တို့​အား ဗိ​မာန်​တော်​တည်​ဆောက်​မှု​တွင်​စိတ် အား​ထက်​သန်​၍​လာ​စေ​တော်​မူ​၏။ သူ​တို့ သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော် တည်​ဆောက်​မှု​ကို၊-


ကိုယ်​တော်​က​ဟ္ဂဲ​အား​ဤ​သို့​ပြော​ကြား​စေ တော်​မူ​ပါ​၏။ ကိုယ်​တော်​က၊ သင်​သည်​ယု​ဒ ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ် မင်း​ယော​ဇ​ဒတ်​၏​သား​ယော​ရှု​နှင့်​ကျန် ကြွင်း​သော​ပြည်​သူ​တို့​အား၊-


ယု​ဒ​ဘု​ရင်​ခံ​ဇေ​ရု​ဗ​ဗေ​လ​အ​တွက် ကိုယ် တော်​က``ငါ​သည်​မိုး​ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​တုန်​လှုပ်​စေ​၍၊-


သို့​ရာ​တွင် အို ပြည်​သူ​အ​ပေါင်း​တို့၊ စိတ်​အား မ​ငယ်​ကြ​နှင့်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ သည်​ဖြစ်​၍​မိ​မိ​တို့​လုပ်​ဆောင်​ရန်​ရှိ​သည့် အ​မှု​ကို​သာ​သင်​တို့​လုပ်​ဆောင်​ကြ​လော့''ဟု အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​၏။-


ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ရှေ့​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​ရပ်​လျက်​နေ​သည် ကို အ​ခြား​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တစ်​ခု​တွင်​ငါ့ အား​ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​၏။ ယော​ရှု ၏​နံ​ဘေး​တွင်​စာ​တန်​သည်​ရပ်​လျက်​နေ​၏။ သူ​သည်​ယော​ရှု​အား​ပြစ်​တင်​စွပ်​စွဲ​ရန် အ​သင့်​ရှိ​ပေ​သည်။-


ယော​ရှု​သည်​ညစ်​ပေ​နေ​သော​အ​ဝတ်​များ​ကို ဝတ်​လျက် ထို​အ​ရပ်​တွင်​ရပ်​၍​နေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ