ယေဇကျေလ 48:28 - Myanmar Common Language Zawgyi Version28 ဂဒ်အနွယ်အားပေးစေသည့်မြေယာ၏တောင် ဘက်နယ်နိမိတ်သည်တာမာမြို့မှကာဒေရှ စိမ့်စမ်းအထိဖြစ်၍ ထိုမှအနောက်မြောက် ဘက်ရှိအီဂျစ်ပြည်နယ်နိမိတ်အတိုင်းလိုက် ၍မြေထဲပင်လယ်အထိဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်28 ဂဒ်တောင်ဘက်နယ်နိမိတ်နှင့်ကပ်လျက်ရှိသောနယ်နိမိတ်မှာ တာမာမြို့မှ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနားအထိ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်သို့ ရောက်သွားသည်အထိဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version28 ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။ အခန်းကိုကြည့်ပါ။ |
နှင့်တောင်ပိုင်းရှိအာဝိအမျိုးသားတို့ပိုင်တစ် နယ်လုံးကိုသိမ်းယူရန်ကျန်ရှိနေသေးသည်။ (အီဂျစ်ပြည်နယ်နိမိတ်တွင်ရှိသောရှိဟောရ ချောင်းမှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ ကျယ်ပြန့်သောနယ်မြေသည် ခါနာန်အမျိုး သားတို့နေထိုင်ရာနယ်မြေဖြစ်၏။ ဖိလိတ္တိ မင်းတို့သည်ဂါဇမြို့၊ အာဇုတ်မြို့၊ ဧရှ ကလုန်မြို့၊ ဂဒ်မြို့နှင့်ဧကြုန်မြို့များတွင် စိုးစံသည်။-)